ဇွန်လ ပထမပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ၊ မြေပဲလုံးဆန်ဖြူ ဈေးငြိမ်၍ နှမ်းညို၊ နှမ်းနက်၊ မြေပဲလုံးဆန်နီ မြင့်တက်နေကြောင်းသိရသည်။ ဇွန်လ ပထမပတ်တွင် နှမ်းညို တစ်တင်း ၁၁၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၉၀၀၀၀- ၂၂၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀-၁၂၅၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၁၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၉၀၀၀၀-၂၂၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀-၁၂၅၀၀၀ ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ကျပ်နှင့် နှမ်းညို တစ်တင်း ၅၀၀၀ ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။
ဇွန်လ ပထမပတ်တွင် မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၆၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၁၀၀၀၀ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၃၀၀-၉၄၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ တစ်ပိဿာ ၂၀၀ကျပ်ခန့် မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၄၈၃၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၃၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၄၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး