Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများ ဖြစ်သော မတ်ပဲ၊ 929၊ ပဲယင်းဝါ ဈေးငြိမ်၍ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲကြီး၊ ပဲနီလုံးကြား၊ ပြောင်းနီ၊ ပြောင်းဖူးစေ့၊ ထိုင်ဝမ် ဈေးနှုန်းများမြှင့်တက်နေပြီး  ကုဖြူလုံးသေး၊ ပဲစဉ်းငုံ နှင့်ပဲတီစိမ်းကြီးဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခု အပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၃၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၂၀၀၀ကျပ်၊  ပဲကြီး ၁၀၃၀၀၀-၁၀၅၀၀၀ကျပ်၊ ပဲစဉ်းငုံ ၈၃၈၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၉၀၀၀၀-၁၂၃၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၅၀၀၀ ကျပ်၊ ပဲယင်းဝါ ၇၆၀၀၀ကျပ်၊ပြောင်းနီး ၂၈၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ ၂၉၀၀၀-၃၀၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၇၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၇၅၀၀ ကျပ်၊  ကုလားပဲ 929 ၈၆၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၄၅၀၀ ကျပ်ပေါက်ဈေးရှိ ကြောင်းသိရသည်။ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၂၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၀၀၀၀ကျပ်၊  ပဲကြီး ၉၁၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၆၃၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၁၂၇၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၄၀၀၀ ကျပ်၊ ပဲယင်းဝါ ၇၆၀၀၀ ကျပ်၊ ပြောင်းနီး ၂၇၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ ၂၉၀၀၀-၂၉၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၈၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၆၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၃၅၀၀ ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင် ၁၀၀၀ကျပ်ခန့်၊ ဂျုံအထွက်တိုး တစ်တင်းလျှင် ၂၀၀၀ကျပ်ခန့်၊   ပဲကြီး တစ်တင်းလျှင် ၁၂၀၀၀ကျပ်ခန့်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၁၀၀၀ ကျပ်ခန့်၊ ပြောင်းနီ တစ်တင်းလျှင် ၁၀၀၀ကျပ်ခန့်၊ပြောင်းဖူးစေ့ တစ်တင်းလျှင် ၅၀၀ကျပ်ခန့်၊ ကုလားပဲ ထိုင်ဝမ် ၁၀၀၀ ကျပ်နှုန်းမြှင့်တက်နေပြီး ပဲစဉ်းငုံ တစ်တင်းလျှင် ၂၅၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၄၀၀၀ကျပ်၊ ၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် ၅၀၀ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။   

စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News