Local News

“မြန်မာ့ထုတ်ကုန်များ ဖွံ့ဖြိုးရေးနှင့် ဈေးကွက်ရရှိရေးဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခြင်း

Last Updated:

မြန်မာနိုင်ငံမှ အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်များအား ပြည်ပပို့ကုန် အလားအလာရှိသော တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အရည်အသွေးမီထုတ်လုပ်နိုင်ရန်နှင့်ထုတ်လုပ်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများအတွက် လိုအပ်သည့် အရင်း အနှီးနှင့် ငွေကြေးထောက်ပံ့မှုများ ရရှိနိုင်ရေး၊ မြန်မာ့ထုတ်ကုန်များ ဖွံ့ဖြိုးရေးနှင့် ဈေးကွက်ရရှိရေးတို့ကို ရည်ရွယ်၍ “မြန်မာ့ထုတ်ကုန်များဖွံ့ဖြိုးရေးနှင့် ဈေးကွက်ရရှိရေးဆွေးနွေးပွဲ”ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန် မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊အစည်းအ​ဝေးခန်းမ၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ Hybrid System ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီး ဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ  တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ Myanmar Product Exchange(MPE) Co.,Ltd မှ တာဝန်ရှိသူများအပါဝင် In Person ဖြင့် တက်ရောက်သူ(၉) ဦး၊ Virtual System ဖြင့် (၃၄)ဦး၊ စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် Myanmar Product Exchange(MPE) Co.,Ltd မှ တာဝန်ရှိသူများက မြန်မာ့ထုတ်ကုန်များ ဖွံ့ဖြိုးရေးနှင့်ဈေး ကွက်ရရှိရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများအကြောင်း မိတ်ဆက်တင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအားမေးမြန်း၍ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက နိဂုံးချုပ်စကားပြောကြား၍ နံနက် ၁၁:၄၀ နာရီအချိန်တွင် ဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                      

ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

 

Category: Local News