Local News

G to G အစီအစဉ်အရ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်(၂)သိန်း ရောင်းဝယ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

 

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြားဆန်ရောင်းဝယ်မှုဆိုင်ရာသဘောတူညီမှု MOU အရ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တန်ချိန် (၂)သိန်း တင်ပို့နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့၊ညနေပိုင်းကOnlineဖြင့်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ်၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှဥက္ကဋ္ဌနှင့်တကွတာဝန်ရှိသူများကဘင်္ဂလားဒေ့ရှ်နိုင်ငံMinistry of Foodမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီးမြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်(၂)သိန်း ထပ်မံတင်ပို့နိုင်ရန်အရောင်းအဝယ်စာချုပ်(Sale Contract)စာချုပ်ချုပ်ဆိုနိုင်ရေးအတွက်ဈေးနှုန်းဆိုင်ရာကိစ္စရပ်များအားအသေးစိတ်ညှိနှိုင်းခဲ့ကြပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News