Local News

“ပြည်ပပို့ကုန် ‌ဈေးကွက်အလားအလာရှိသော ပဲတီစိမ်း” ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်ခြင်း

Last Updated:

            “ပြည်ပပို့ကုန် ဈေးကွက်အလားအလာရှိသော အမည် ပဲတီစိမ်း” ခေါင်းစဉ်ဖြင့် ရှင်းလင်း တင်ပြခြင်း ဆွေးနွေးပွဲကို ၁၁-၆-၂၀၂၄ ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ၌ (Virtual System) ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန် ကြားရေးမှူးများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပဲခူးမြို့မှ ဦးသန်းဦး၊ ဦးစီးအရာရှိက ပဲခူးတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်ဈေးကွက်အလားအလာရှိသော အမည်ဖြစ်သည့် ပဲတီစိမ်းပို့ကုန် ဈေးကွက်အလား အလာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတက် ရောက်လာသူများမှ သိရှိလိုသည်များအား အထွေထွေဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို (၁၄:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News