Local News

“ပြည်ပပို့ကုန် ‌ဈေးကွက်အလားအလာရှိသော ကော်ဖီ” ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်ခြင်း

Last Updated:

 

            “ပြည်ပပို့ကုန် ဈေးကွက်အလားအလာရှိသော အမည် ကော်ဖီ” ခေါင်းစဉ်ဖြင့် ရှင်းလင်း တင်ပြခြင်း ဆွေးနွေး ပွဲကို ၂၁-၅-၂၀၂၄ ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ၌ (Virtual System)ဖြင့် ကျင်းပပြုလုပ်ခဲ့ ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါက်တာထိန်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ ဘားအံမြို့မှ ဦးနေမျိုးထိုက်ကျော်၊ ဦးစီးအရာရှိ က ကရင်ပြည်နယ်၏ ပြည်ပပို့ကုန်ဈေးကွက်အလားအလာရှိသော အမည်ဖြစ်သည့် ကော်ဖီပို့ကုန် ဈေးကွက်အလားအလာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲ တက် ရောက်လာသူများမှ သိရှိလိုသည်များအား အထွေထွေဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို (၁၁:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

 

 

Category: Local News