International News

နိုင်ငံပြင်ပမှရရှိသည့် ဝင်ငွေအပေါ် အခွန်ကောက်ခံမည့် ဥပဒေမူကြမ်းကို ထိုင်းနိုင်ငံ အခွန်ဦးစီးဌာနက ရေးဆွဲလျက်ရှိ

Last Updated:

နိုင်ငံပြင်ပမှ ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသူ တစ်ဦးတစ်ယောက်ချင်းစီ၏ ဝင်ငွေအပေါ် အခွန်ကောက်ခံမည့် ဥပဒေမူကြမ်းကို အခွန်ဦးစီးဌာနက ရေးဆွဲလျက်ရှိကြောင်း သိရှိရ ပါသည်။

ဥပဒေမူကြမ်းသည် နေထိုင်မှုစည်းမျဉ်းအောက်မှ ကမ္ဘာအနှံ့ ဝင်ငွေ၏ နိုင်ငံတကာမူကို လိုက်နာ ခြင်းဖြစ်ကြောင်း၊ မူအရ ဝင်ငွေရရှိသည့် နိုင်ငံကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ တစ်ဦးတစ်ယောက် ချင်းစီက သတ်မှတ်ကာလအတွင်း ရရှိသည့် ဝင်ငွေအပေါ် နေထိုင်သည့် နိုင်ငံမှ ကောက်ခံသည့်  ပုံစံဖြစ် ပါကြောင်း၊ မူကြမ်းရေးဆွဲရာတွင် အခွန်ကုဒ် ပုဒ်မ ၄၁ ကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ပြင်ဆင်ချက် သည် ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်သူ တစ်ဦးတစ်ယာက်ချင်းစီသည် တစ်ဦး ချင်းဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ကြောင်း၊ အဆိုပြု ပြင်ဆင်ချက်သည် တစ်ဦးချင်း ဝင်ငွေခွန် အတွက်သာဖြစ်ပြီး ကော်ပိုရိတ်ဝင်ငွေခွန် သို့မဟုတ် နိုင်ငံပြင်ပ တွင် ရင်းနှီးမြှုပ်နှံထားသော တစ်ဦးချင်း ရန်ပုံငွေမှအပ အပြန်အလှန်ရန်ပုံငွေများမပါဝင်ပါကြောင်း၊ ထိုင်းနိုင်ငံသည် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (OECD) ၏ အဖွဲ့ဝင်ဖြစ်သောကြောင့် ယင်းအခွန်ကောက်ခံရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက် ဖလှယ်မှုပေါ်တွင် မူတည်ပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Kuala Tantitemit က ပြောကြားခဲ့ပါသည်။

ပုဒ်မ ၄၁ တွင် ပုဒ်မ ၄၀ အရ ယခင်နှစ် အခွန်နှစ်တွင် စည်းကြပ်နိုင်သော ဝင်ငွေရှိသည့် ပုဂ္ဂိုလ် များ၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သော သို့မဟုတ် ထိုင်းနိုင်ငံရှိ အလုပ်ရှင်၏ လုပ်ငန်းများ သို့မဟုတ် ထိုင်းနိုင်ငံတွင် တည်ရှိသော ပိုင်ဆိုင်မှုများမှ ဝင်ငွေသည် နိုင်ငံတွင်း သို့မဟုတ် နိုင်ငံပြင်ပတွင် ပေး ဆောင်သည်ဖြစ်စေ ဤပြဌာန်းချက်များအတိုင်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၀ အရ ယခင်နှစ် အခွန်နှစ်တွင် စည်းကြပ်နိုင်သော ဝင်ငွေရှိသည့် ထိုင်းနိုင်ငံတွင် နေထိုင်သည့် ပုဂ္ဂိုလ်များ သည် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေခြင်း သို့မဟုတ် နိုင်ငံခြားတွင် ပိုင်ဆိုင်မှုရှိခြင်း တို့မှ ဝင်ငွေကို ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်လာပါက ဤပြဌာန်းချက်များအတိုင်း အခွန်ပေးဆောင်ရမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံတွင် ကာလတစ်ခုအကြာ သို့မဟုတ် ကာလများစွာ၏ စုစုပေါင်းသည် ရက်ပေါင်း ၁၈၀ နှင့် အထက် နေထိုင်သော ပုဂ္ဂိုလ် မည်သူမဆို ထိုင်းနိုင်ငံတွင် နေထိုင်သူအဖြစ် သတ်မှတ်ခံရမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ဥပဒေမူကြမ်းတွင် အနည်းဆုံး အခွန်နှုန်းထား သတ်မှတ်နိုင်ရေးမှာ OECD က ဦးဆောင်သော နိုင်ငံတကာ သဘောတူညီချက်များအတိုင်း ဖြစ်ပါကြောင်း၊ ဥပဒေမူကြမ်းကို အစိုးရအဖွဲ့သို့ တင်ပြ သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့အနည်းဆုံးအခွန် (Global Minimum Tax-GMT) မူအရ ကြီးမားသော နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းများ လည်ပတ်နေသော နိုင်ငံများတွင် ကမ္ဘာတစ်ဝှမ်း  အနည်းဆုံးအခွန် နှုန်းထားကို ၁၅ ရာခိုင်နှုန်း ပေးဆောင်ရပါကြောင်း၊ ကော်ပိုရေးရှင်းတစ်ခုသည် မည်သည့် နိုင်ငံ၌မဆို ၁၅ ရာခိုင်နှုန်းထက်နည်း၍ ပေးဆောင်ထားပါက ၎င်း၏ မိခင်ကုမ္ပဏီ ရုံးချုပ်တည်ရှိသည့် နိုင်ငံ၌ စုစု ပေါင်း ၁၅ ရာခိုင်နှုန်း အထိရရှိစေရန် ထပ်ဆောင်းအခွန်ပေးဆောင်ရမည်  ဖြစ်ကြောင်း၊ GMT သဘော တူညီချက်သည် တစ်နှစ်လျှင် ယူရို သန်း ၇၅၀ (တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈၇၀ သန်း) ထက် ကျော်လွန်သော ကမ္ဘာ့ဝင်ငွေရှိသော နိုင်ငံစုံကုမ္ပဏီများနှင့်သာ သက်ဆိုင်ပါကြောင်း  ဖြည့်စွက်ပြော ကြားခဲ့ပါသည်။

၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ ၁၁ လအတွင်း အခွန်ဦးစီးဌာန၏ အခွန်ကောက်ခံရရှိမှုမှာ ဘတ် ၁.၉၆၃ ထရီလီယံဖြစ်ပြီး မှန်းထားသည်ထက် ၀.၄ ရာခိုင်နှုန်း ပိုမိုကောက်ခံရရှိခဲ့ပါကြောင်း၊ အပိုရရှိ မှုမှာ ပြည်တွင်းစားသုံးမှုမှ VAT ကောက်ခံမှု တိုးတက်လာစေသည့် e-Receipt အစီအစဉ်ကြောင့် ဖြစ် ကြောင်း၊ ဘဏ္ဍာနှစ်အဆုံးဖြစ်သည့် စက်တင်ဘာလတွင် ဌာန၏ အခွန်ကောက်ခံမှုသည် မှန်းထား သည့် ဘတ် ၂.၂၈ ထရီလီယံရရှိနိုင်မည်ဟု မှန်းထားပါကြောင်း၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင် မည့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဘတ် ၂.၃၇၂ ထရီလီယံ ဝင်ငွေရရှိနိုင်ရေး ကောက်ခံသွားမည် ဖြစ်ကြောင်း  Ms. Kuala က ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News