International News

တရုတ်နိုင်ငံ၏ Belt and Road Initiative စီမံကိန်းအခန်းကဏ္ဍများအား မြှင့်တင်ဆောင်ရွက်ခြင်း အားဖြင့် ယူအေအီးနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာဦးဆောင်မှုကို ခိုင်မာစေခဲ့

Last Updated:

ယူအေအီးနိုင်ငံသည် အမြော်အမြင်ရှိသောခေါင်းဆောင်မှု၊ ဗျူဟာမြောက်တည်နေရာနှင့်ကောင်းမွန်သော စီးပွားရေးရာသီဥတုအခြေအနေများတို့မှတစ်ဆင့် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကစီးပွားရေးအင်အားစုအဖြစ် ၎င်း၏ ရပ်တည်ချက်ကိုခိုင်မာစေလျှက်ရှိပါသည်။

၂၀၁၃ ခုနှစ်အတွင်း တရုတ်သမ္မတ Xi Jinping မှ စတင်အစပျိုးဆောင်ရွက်ခဲ့သော Belt and Road Initiative (BRI) အပေါ်ယူအေအီးနိုင်ငံ၏ ခိုင်မာသောပံ့ပိုးကူညီမှုသည် အဆိုပါရပ်တည်ချက် အတွက် သိသာထင်ရှားသော အထောက်အထားတစ်ရပ် ဖြစ်ပါသည်။

စက်တင်ဘာလ ၁၁ ရက်မှ ၁၂ ရက်အထိ ဟောင်ကောင်တွင်ကျင်းပရန်စီစဉ်ထားသော "ချိတ်ဆက် ထားရှိသော ဆန်းသစ်သည့်အစိမ်းရောင်ခါးပတ်နှင့် လမ်းကိုတည်ဆောက်ခြင်း" ဟူသောဆောင်ပုဒ် ဖြင့် BRI ၏ နဝမအကြိမ်မြောက်ထိပ်သီးအစည်းအဝေး နီးကပ်လာသည်နှင့်အမျှ ယူအေအီးနိုင်ငံ၏ အရေးပါသောပံ့ပိုးမှုများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု များအတွက်ကတိကဝတ်များကို ထင်ထင်ရှားရှားဖော်ပြလျှက်ရှိပါသည်။ ယူအေအီးနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုများတွင် ယူအေအီး - တရုတ် ပူးတွဲရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးရံပုံငွေတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရင်းနှီးမြှုပ်နှံထားရှိခြင်းနှင့် ၂၀၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) ၁၃ ခု တို့ကို လက်မှတ်ရေးထိုးထားရှိခြင်းများ စသည်တို့ပါဝင်ပါသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် BRI နိုင်ငံများနှင့်ယူအေအီးနိုင်ငံ၏ ရေနံမဟုတ်သောကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၀၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၎င်းသည်ရေနံမဟုတ်သောကုန်သွယ်မှု၏ ၉၀ % ကို ကိုယ်စားပြုခဲ့ကာ ယခင်နှစ်ကထက် ၁၃ % တိုးတက်လာခဲ့ပါသည်။ ယူအေအီးနိုင်ငံ၏ BRI နိုင်ငံများနှင့်ကုန်သွယ်မှုတွင် နိုင်ငံ၏သွင်းကုန်  ၈၈ % နှင့်ရေနံမဟုတ်သောပို့ကုန် ၉၄ % အထိရှိခဲ့ပြီး အဆိုပါနိုင်ငံများသို့ တိုက်ရိုက်ပြန်လည်တင်ပို့မှု ၉၂ % ပါဝင်သည်။ အာရှ၊ ဥရောပနှင့် အာဖရိကတို့ ကို ကုန်းကြောင်းနှင့် ရေကြောင်းလမ်းကြောင်းများမှတစ်ဆင့် ချိတ်ဆက်ရန်ရည်ရွယ်ထားသည့် အဆိုပါအစပျိုးမှုစီမံကိန်း၏အောင်မြင်မှုများတွင် ယူအေအီးနိုင်ငံ၏မဟာဗျူဟာမြောက် အခန်း ကဏ္ဍကို အလေးပေးဖော်ပြထားပါသည်။

ယူအေအီးနှင့်တရုတ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေးအနှစ် ၄၀ မြောက်ကို ဆင်နွှဲလျက်ရှိပြီး တရုတ်နိုင်ငံသည် ယူအေအီးနိုင်ငံ၏ ကမ္ဘာ့ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နှစ်နိုင်ငံကြားကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၅၀.၁၀၈ ဘီလီယံရှိခဲ့ ပြီး ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ အထိရောက်ရှိစေရန် ရည်မှန်းထားရှိပါ သည်။ တရုတ်နိုင်ငံတွင် ယူအေအီးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ  အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလီယံဖြစ်ပြီး ယူအေအီးနိုင်ငံတွင်တရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှု ပမာဏစုစုပေါင်းမှာ အမေရိ ကန်ဒေါ်လာ ၇.၇ ဘီလီယံ ရှိပါသည်။

BRI တွင် အရေးပါသောဒေသတစ်ခုဖြစ်သည့် ဟောင်ကောင်နှင့်ဆက်ဆံရေးသည်လည်း ထပ်တူ ထပ်မျှအရေးကြီးပါသည်။ ၂၀၂၂ ခုနှစ်တွင် ယူအေအီးနိုင်ငံနှင့် ဟောင်ကောင်၏ရေနံမဟုတ်သော ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံရှိခဲ့ပြီး ဟောင်ကောင်မှယူအေအီးနိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ ဤကဲ့သို့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများသည် ကမ္ဘာလုံးဆိုင်ရာစျေးကွက်များကို ချိတ် ဆက်ထားရှိခြင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျှက်ရှိသည့် ယူအေအီးနိုင်ငံ၏ အရေးကြီးသောအခန်းကဏ္ဍကို ထင်ထင်ရှားရှားဖော်ပြလျှက်ရှိပါသည်။

BRI တွင် ယူအေအီးနိုင်ငံ၏တက်ကြွစွာထိတွေ့ဆက်ဆံမှုသည် တရုတ်နိုင်ငံနှင့်ဟောင်ကောင်ဒေသ တို့နှင့် မဟာဗျူဟာမြောက်ထိတွေ့ဆက်ဆံမှုများနှင့်အတူ ရေရှည်တည်တံ့သောစီးပွားရေးတိုးတက် မှုများနှင့် ပိုမို၍အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နိုင်သောကမ္ဘာတစ်ခုဆီသို့ ၎င်း၏အာရုံစိုက်မှုကို ထင်ဟပ်စေလျှက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source:                            Emirates News Agency

Date:                               10.9.2024

Nanda Soe Myint             Economic Counsellor (Dubai)

Category: International News