International News

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၏ ပြည်ပငွေချေးစာချုပ်ဝယ်ယူမှုမှာ စံချိန်တင်များပြားခဲ့

Last Updated:

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ပြည်ပငွေချေး စာချုပ်များ စံချိန်တင် ဝယ်ယူခဲ့ကြပါသည်။ အဆိုပါ သတင်းတွင် ပြည်ပငွေချေးစာချုပ် ဝယ်ယူမှု ပမာဏမှာ ယန်း ၇.၃၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၁.၃ ဘီလီယံ) ရှိခဲ့ကြောင်းနှင့် ယခင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် စံချိန်တင် ဝယ်ယူခဲ့သည့် ပမာဏ ၅.၄၅ ထရီလီယံယန်းကို ကျော်လွန် ခဲ့ကြောင်း ဖော်ပြထားပါသည်။

ပင်စင်ရန်ပုံငွေနှင့်အခြားသော ဖောက်သည်များ၏ ပိုင်ဆိုင်မှုများ စီမံခန့်ခွဲလျက် ရှိသည့် ဘဏ်များအနေဖြင့် ယန်း ၂.၈၁ ထရီလီယံတန်ဖိုးရှိ ငွေချေးစာချုပ်များ ဝယ်ယူခဲ့ကြောင်း၊ အခြား သော ဘဏ်များအနေဖြင့် ယန်း ၂.၆၆ ထရီလီယံတန်ဖိုး ဝယ်ယူခဲ့ကြောင်းနှင့် အသက်အာမခံ ကုမ္ပဏီများအနေဖြင့် ယန်း ၅၃၈.၁ ဘီလီယံတန်ဖိုးရှိ ပြည်ပငွေချေးစာချုပ်များ ရောင်းချခဲ့ ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံတွင် စီးပွားရေးနှေးကွေးလာခြင်းကြောင့် အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို လျှော့ချသတ်မှတ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြပြီးနောက် ဩဂုတ်လ ၁ ရက်နေ့တွင် ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၅၀ ယန်းအထိ ရောက်ရှိခဲ့ပြီးနောက်၊ ဩဂုတ်လ ၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၄၁ ယန်းသို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်ပငွေချေးစာချုပ်များ ဝယ်ယူခြင်းသည် ယန်းငွေအပေါ် ဖိအားများ ကျဆင်းစေပြီး၊ ယန်းငွေတန်ဖိုးမှာလည်း ကျဆင်းခဲ့ရာမှာ အမေရိကန် ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၄၆ ယန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source: The Nikkei Asia (၁၀-၉-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News