International News

ဗီယက်နမ်နိုင်ငံ၏ သကြားထုတ်လုပ်မှုမှ တန်ချိန် ၁ သန်းကျော် ထွက်ရှိ

Last Updated:

၂၀၂၃-၂၀၂၄ ခုနှစ်အတွက် သကြားထွက်ရှိမှု စုစုပေါင်းတန်ချိန် ၁.၁ သန်းကျော်ရှိပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ကြံအသင်း (VSA) ၏အဆိုအရ သိရှိရပါသည်။သကြားအထွက်နှုန်းမှာ တစ်ဧကလျှင် ၆.၇၉ တန်ရှိပြီး ဒေသတွင်းရှိ အခြားအဓိက ထုတ်လုပ်သူများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထက် ပိုများကြောင်း ဖော်ပြ ထားသည်။ စုစုပေါင်း ကြံရိတ်သိမ်းပြီးသည့် ဧရိယာမှာ ၁၆၃,၀၀၀ ဟက်တာကျော်ရှိပြီး ယခင်သီးနှံနှင့် နှိုင်းယှဉ်ပါက ၁၁.၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။

ကြံသကြားထွက်ကုန်အချို့တင်သွင်းမှုၐအပေါ် ကုန်သွယ်မှု ရှောင်လွှဲမှုဆိုင်ရာ ကုစားမှု များကို ဗီယက်နမ်နိုင်ငံက ကျင့်သုံးပြီးနောက် ဗီယက်နမ်နိုင်ငံ၏ သကြားလုပ်ငန်းသည် ၂၀၂၁ ခုနှစ်မှစတင်ကာ ပြန်လည် ကောင်းမွန်လာခဲ့ကြောင်း ဖော်ပြထားသည်။

တောင်သူများထံမှ ကြံအဝယ်ဈေးနှုန်းသည် တစ်တန်လျှင် ပျမ်းမျှ ဗီယက်နမ်ဒေါင် ၁.၂ သန်းမှ ၁.၃ သန်းထိ (အမေရိကန်ဒေါ်လာ ၄၈ မှ ၅၂) သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊၂၀၁၉-၂၀၂၀ သီးနှံနှင့် နှိုင်းယှဉ်ပါက ၁၅၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ၎င်းသည် လာမည့်နှစ် များအတွင်း တောင်သူလယ်သမားများ အထွက်နှုန်းတိုးချဲ့ရန်အတွက်  အခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

 

Source: VN Economy

(ဒေါ်ဝင့်နန္ဒာကျော်််ကျော်၊ စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News