International News

ငှက်ပျောသီးသည် ထိုင်းတောင်သူများအတွက် ရွှေရောင်လက်မှတ်တစ်ခု ဖြစ်နေ

Last Updated:

ရွှေငှက်ပျောစိုက်ပျိုးလျက်ရှိသော ထိုင်းတောင်သူများက ဝယ်လိုအား များပြားလာခြင်းနှင့် လက်လီဈေးနှုန်းများသည်လည်း အမြင့်တွင်ရှိနေဆဲဖြစ်သဖြင့် ၎င်းတို့၏ လုပ်ငန်းများ တိုးတက်လျက် ရှိကြောင်း ပြောကြားလိုက်ပါသည်။

kluay hom thong ဟု ခေါ်သည့် လူကြိုက်များသော ရွှေငှက်ပျောဈေးနှုန်းသည် ယခင် ၁ ကီလို ဂရမ်လျှင် ၁၅ ဘတ်မှ ၃၀ ဘတ်သို့ နှစ်ဆမြင့်တက်သွားပါကြောင်း၊ မြင့်တက်ရခြင်းမှာ ယခင်နှစ် ဒုတိယနှစ်ဝက်မှစ၍ မိုးနည်းသွားခြင်းကြောင့် ဈေးကွက်အတွင်း ငှက်ပျောသီးထောက်ပံ့မှုကို လျော့ နည်းသွားခြင်းကြောင့် ဖြစ်ကြောင်း၊ စိုက်ပျိုးသည့် တောင်သူအုပ်စုများ၏ ဝင်ငွေသည် ၁၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါကြောင်း၊ Bang Kaew သည် ရွှေငှက်ပျောအတွက် ဗဟိုအချက်အချာ နေရာဖြစ် ကြောင်း၊ ယင်းဒေသရှိ မြေဆီလွှာသည် ရာဘာ၊ ဆန်နှင့် ဆီအုန်းတို့ထက် ငှက်ပျောစိုက်ပျိုးရန် သင့် လျော်ပါကြောင်း ရွှေငှက်ပျောနှင့် သစ်သီးဖူလုံရေးအဖွဲ့ခေါင်းဆောင် Mr. Somchai Nunual က ပြော ကြားခဲ့ပါသည်။

ယခုနှစ်တွင် hom thong စိုက်ပျိုးမှုသည် တန်ချိန် ၃၂,၀၀၀ ထက် မကျော်လွန်ပါကြောင်း၊ တောင်သူများ၏ ဝင်ငွေသည် ငှက်ပျော ၁၀၀ လျှင် ပျမ်းမျှ ဘတ် ၂၉၂ ထိ တိုးတက်လာနိုင်ကြောင်း၊ ရွှေ ငှက်ပျောသည် အဓိက ပို့ကုန်သစ်သီးအမျိုးအစားများထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ၈၀ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံသို့ တင်ပို့ပြီး ကျန်ပမာဏကို တရုတ်နှင့် ကမ္ဘောဒီးယားသို့ တင်ပို့ပါကြောင်း၊ ဂျပန်နိုင်ငံသည် နှစ်စဉ် ထိုင်း သစ်သီး တန်ချိန် ၈,၀၀၀ ကို ခွဲတမ်းဖြင့် တင်ပို့ခွင့်ပြုသော်လည်း အမှန်တကယ် တင်ပို့ နိုင်မှုမှာ တစ်ဝက်မျှသာဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တောင်သူများသည် ဂျပန်၏ တင်း ကျပ်သော စံနှုန်းနှင့် ကိုက်ညီသည့် ငှက်ပျောများ မထုတ်လုပ်နိုင်သောကြောင့် ဖြစ်ကြောင်း၊ တောင်သူ များသည် ပြည်တွင်း၌ ဈေးနှုန်းယှဉ်ပြိုင်နိုင်ပြီး ဝယ်လိုအား မြင့်တက်နေသဖြင့် ပြည်ပသို့ တင်ပို့ခြင်း ထက် ပြည်တွင်း၌ ရောင်းချခြင်းကို ပိုမိုကြိုက်နှစ်သက်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News