International News

ထိုင်းနိုင်ငံ ချွန်ပူရိတွင် ကျင်းပခဲ့သည့် စီးပွားရေးလုပ်ငန်းချိတ်ဆက်မှုပွဲမှ ကုန်သွယ်မှုတန်ဖိုး ဘတ် ၂.၈ ဘီလီယံရရှိနိုင်ရေး ဆောင်ရွက်နိုင်ခဲ့

Last Updated:

ထိုင်းနိုင်ငံ ချွန်ပူရိတွင် ကျင်းပခဲ့သည့် Subcon Thailand လုပ်ငန်းချိတ်ဆက်ပွဲမှတစ်ဆင့် မော်တော်ယာဉ်နယ်ပယ် အပါအဝင် လုပ်ငန်း ၆၆၉ ခုကို ချိတ်ဆက်ပေးနိုင်ခဲ့သဖြင့် ကုန်သွယ်မှု တန်ဖိုး ဘတ် ၂.၈ ဘီလီယံရရှိရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးအခွင့်အလမ်းသစ်များ မြှင့်တင်လိုသည့် မော်တော်ယာဉ်အစိတ်အပိုင်းများ ထောက်ပံ့မှုကွင်းဆက်ရှိ လုပ်ငန်းရှင်များအကြား ဆွေးနွေးခဲ့ကြပါကြောင်း၊ လျှပ်စစ်မော်တော်ကား နယ်ပယ်ရှိ နိုင်ငံခြားကုမ္ပဏီများနှင့် ထိုင်းလုပ်ငန်းတို့အကြား လုပ်ငန်းဆောင်ရွက်ရန် ချိတ်ဆက်ပေးခဲ့ကြောင်း၊ အဆိုပါ ပွဲကို ချွန်ပူရိ၊ ရယောင်းနှင့် ချာချန်းဆောင်အပါအဝင် အရှေ့ဖက် ပြည်နယ် ၈ ခုရှိ လုပ်ငန်း ရှင်များကို ဦးတည်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ Eastern Economic Corridor (EEC) ရှိ ပြည်နယ် ၃ ခုသည် နည်းပညာမြင့် စက်ရုံများဖြင့် ဖွံ့ဖြိုးနေပြီဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်မှ လျှပ်စစ်မော်တော်ကားစက်ရုံများသည် EEC တွင် စက်ရုံများ တည်ထောင်ပြီး ဖြစ်ကြောင်း၊ BYD နှင့် Changan Automobile တို့သည် ရယောင်းတွင် ထုတ်လုပ်မှုအခြေစိုက်စက်ရုံများ တည်ထောင်ထားပါ ကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအတွင်း လျှပ်စစ်မော်တော်ကားထောက်ပံ့မှုကွင်းဆက်ကို မြှင့်တင်ရန် Changan သည် မော်တော်ယာဉ် အစိတ်အပိုင်းများကို ပြည်တွင်းပံ့ပိုးသူများထံမှ ဝယ်ယူရန် လျာထားပါကြောင်း၊ Subcon Thailand သည် ဒေသတွင်း လျှပ်စစ်မော်တော်ကား အချက်အချာဖြစ်နိုင်ရန်အတွက် အစိုးရ ၏ ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ထုပ်လုပ်မှုလုပ်ငန်းစဉ်များ မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအသစ် များ၊ ဖက်စပ်လုပ်ငန်းများနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများ ဝင်ရောက်လာစေရေး ချိတ်ဆက်ပေးမှု ဖြစ်ပါ ကြောင်း Mr. Narit က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News