International News

ထိုင်းနိုင်ငံရှိ နေထိုင်မှုကုန်ကျစရိတ်များနှင့် သွင်းကုန်များနှင့်စပ်လျဉ်း၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးအသစ် H.E Mr. Pichai Naripthaphan က ကတိပြုပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံအတွင်း၌ နေထိုင်မှုကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ ဖြေရှင်းရန်၊ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များ ဆွေးနွေးမှုများကို အရှိန်မြှင့်တင်ရန်နှင့် တရုတ်သွင်းကုန်များ အပေါ် ပိုမိုတင်းတင်းကျပ်ကျပ် ထိန်းချုပ်မည့် အစီအမံများကို အ‌ရေးတကြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးအသစ် H.E Mr. Pichai Naripthaphan က ကတိပြုပြောကြားခဲ့ပါသည်။

နေထိုင်မှုကုန်ကျစရိတ်များ လျှော့ချပေးခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များကို ထောက်ပံ့ပေးခြင်း၊ FTA များအသုံးပြုမှုကို မြှင့်တင်ခြင်းနှင့် တန်ဖိုးနည်း၊ အရည်အသွေးနိမ့်ပါး သော သွင်းကုန်များကို ဖြေရှင်းခြင်းစသည့် ဝန်ကြီးဌာန မူဝါဒများကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ ပထမဦးစားပေးအနေဖြင့် ကုန်စည်ကုန်ကျစရိတ်များကို ပြန်လည် သုံးသပ်ပြီး ပြည်သူများ၏ ဝန်ထုပ် ဝန်ပိုး ဖြေလျော့စေရန် ဈေးနှုန်းများလျှော့ချနိုင်ရေး လုပ်ငန်းများနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်သွင်းကုန်များနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများကို နားလည်သလို ရှိပြီးဖြစ်သော အစီအမံများကို ပြန်လည်ဆောင်ရွက်စေမည် ဖြစ်ကြောင်း၊ လက်ရှိ လုပ်ထုံးလုပ်နည်းများသည် မထိရောက်ပါက ထပ်ဆောင်းအစီအမံများကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အခြားသော နိုင်ငံများနှင့် FTA များညှိနှိုင်းမှု ကို အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး စာချုပ်များစွာသည် ထိုင်းနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လာနိုင်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News