International News

ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် Tesla ၏ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရက စောင့်ဆိုင်း လျက်ရှိခြင်း

Last Updated:

Tesla သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း မီဒီယာတွင် ဖော်ပြထားချက် အတိုင်း Tesla ၏ အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ထိုင်းအစိုးရအနေဖြင့်စောင့်ဆိုင်းလျက်ရှိကြောင်း အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။

အကြီးဆုံးလျှပ်စစ်မော်တော်ကားထုတ်လုပ်သူသည် ထိုင်းနိုင်ငံတွင်သာမဟုတ်ဘဲ ကမ္ဘာ့အနှံ့ရှိ ၎င်း၏ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ပြန်လည်စဉ်းစားလျက်ရှိကြောင်း၊ အမေရိကန်စီးပွားရေး နှေး ကွေးလာမှုကြောင့် ကုမ္ပဏီအနေဖြင့် အမေရိကန်၊ တရုတ်နှင့် ဂျာမနီတို့ရှိ ရှိပြီးဖြစ်သော အဓိက ထုတ် လုပ်မှုအခြေစိုက်များကို ထိန်းသိမ်းထားပါကြောင်း၊ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ရပ် တန့်မည်ဟု ကုမ္ပဏီဖက်မှ အတည်ပြုချက်မရရှိသေးသဖြင့် စောင့်ဆိုင်းလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ အမေရိကန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် Tesla ၏ ကယ်လီဖိုးနီးယားရှိ Fremont စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး Tesla ကို ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပါ ကြောင်း Mr. Chai က ဆက်လက်ပြောကြားခဲ့သည်။

Tesla သည် အရှေ့တောင်အာရှနိုင်ငံများတွင် ၎င်း၏ လျှပ်စစ်မော်တော်ကားစက်ရုံရင်းနှီးမြှုပ်နှံ မှုကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌ လျှပ်စစ်မော်တော်ကား အားသွင်းရုံများတွင် ရင်းနှီးမြှုပ်နှံ သွားမည်ဟု မလေးရှားသတင်းအေဂျင်စီက ထုတ်ပြန်ထားပါကြောင်း၊ မီဒီယာများ ထုတ်ပြန်ထား သကဲ့သို့ Tesla သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်းမည့် သတင်းနှင့်စပ်လျဉ်း၍ မသိရှိပါ ကြောင်း၊ အစိုးရနှင့် Tesla အဖွဲ့တို့သည် စီးပွား‌ရေးအစီအစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးနေဆဲဖြစ် ကြောင်း၊ Tesla နှင့် ဆွေးနွေးထားချက်အရ ၎င်းတို့သည် အိန္ဒိယဈေးကွက်ကြီးကို ဆွဲဆောင်မည်ဖြစ်ပြီး ထုတ်လုပ်မှုစက်ရုံကို ထိုင်းနိုင်ငံတွင် တည်ဆောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် H.E Mr. Srettha Thavisin က ဖြည့်စွက်ပြောကြားခဲ့သည်။  

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News