International News

ယူအေအီးနိုင်ငံရှိ ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ဂျော်ဂျီယာစီးပွားရေးကောင်စီကို နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန်အတွက် စတင်အကောင်အထည်ဖော်ဆောင်ရွက်

Last Updated:

ဒူဘိုင်းရှိကုန်သည်ကြီးများ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ဂျော်ဂျီယာစီးပွားရေးကောင်စီကို စတင်အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြေငြာ ခဲ့ပြီး၎င်းသည်ဒူဘိုင်းဒေသနှင့် ဂျော်ဂျီယာနိုင်ငံများအကြား စီးပွားရေးဆက်ဆံမှုမြှင့်တင်ရာတွင် အရေးပါသောမှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

အဆိုပါအစီအစဉ်သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးတက်မှုအပေါ် အထောက်အကူ ဖြစ်စေရန်အတွက်ရည်ရွယ်ပြီး နှစ်နိုင်ငံစလုံး၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍများအကြား ပူးပေါင်း ဆောင်ရွက်နိုင်မှုအခွင့်အလမ်းများကို တိုးမြှင့်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒူဘိုင်းရှိ ဂျော်ဂျီယာရင်းနှီးမြုပ်နှံသူများထံမှ တိုးမြင့်လာသောအနေအထားများအပေါ် ရောင်ပြန် ဟပ်ပြီး ဒေသနှစ်ခုအကြား ရေနံမဟုတ်သောနှစ်နိုင်ငံကုန်သွယ်မှုမှာ ယမန်နှစ်က ၈.၅ % အထိတိုး တက်လာခဲ့ပြီး ကုန်သွယ်မှုပမာဏ AED ၁.၇၆ ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ ထို့အပြင် ဒူဘိုင်း ကုန်သည်ကြီးများအသင်းတွင်မှတ်ပုံတင်ထားသော လက်ရှိအသက်ဝင်နေသည့် ဂျော်ဂျီယာကုမ္ပဏီ များ၏အရေအတွက်မှာ ၂၀၂၄ ခုနှစ်ပထမနှစ်ဝက်အကုန်တွင် ၈၉ ခုအထိသို့ရောက်ရှိလာခဲ့ပါသည်။

ဂျော်ဂျီယာစီးပွားရေးကောင်စီ၏ ပထမဆုံးသောအဖွင့်နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ကောင်စီအဖွဲ့ဝင်များသည် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံ စီးပွား ရေးဆိုင်ရာ လှုပ်ရှားမှုအခမ်းအနားများကိုကျင်းပသွားရန်နှင့် အသိပညာဖလှယ်မှုများဆောင်ရွက်ရာ တွင်  လွယ်ကူချောမွေ့စေရေးတို့အတွက် မဟာဗျူဟာများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ စီးပွားရေးဆိုင်ရာ စည်းရုံးရေးဒုတိယဥက္ကဌဖြစ်သူ Maha Al Gargawi က ခိုင်မာသော ချိတ်ဆက်မှုကွန်ရက်နှင့် ပူးပေါင်းဆောင်ရွက်မှုဂေဟစနစ်များကို ဖန်တီး ပေးခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေမည့်အလားအလာများကို အလေးပေးပြောကြားခဲ့ကာ ကောင်စီဖွဲ့စည်းခြင်းအတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါသည်။

ဂျော်ဂျီယာစီးပွားရေးကောင်စီသည် ဒူဘိုင်းတွင်အခြေစိုက်သော ဂျော်ဂျီယာကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်းများ လှုပ်ရှားလည်ပတ်ဆောင်ရွက်မှုများအား  လွယ်ကူချောမွေ့စေရန်ဦးတည်ပြီး ဒေသအတွက် ပဲ့တင်ရိုက်ခတ်မှုတစ်ခုအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကာ ယူအေအီးနိုင်ငံတွင် ၎င်း တို့၏လုပ်ငန်းများ အောင်မြင်ပြီးရေရှည်တည်တံ့စေရန်အတွက် လှုံ့ဆော်အားပေးသွားရန် ရည်ရွယ် ထားရှိကာ နိုင်ငံအလိုက်စီးပွားရေးကောင်စီများသည် မတူကွဲပြားသောနိုင်ငံတကာလူမျိုးစုများ၏ ရင်းနှီးမြုပ်နှံမှုများကို ကိုယ်စားပြုခြင်း၊ နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ခြင်းနှင့် အကျိုးသက်ရောက် မှုရှိသော မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိ ပါသည်။

ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် ယူအေအီးနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများအား ဆောင် ရွက်လျှက်ရှိသော နိုင်ငံတကာမှလူမျိုးပေါင်းစုံကို ပိုမိုကောင်းမွန်စွာကိုယ်စားပြုနိုင်စေရန်အတွက် စီး ပွားရေးကောင်စီများ၏ အရေအတွက်ကိုတိုးချဲ့သွားရန် ကတိပြုထားပါသည်။ ဤပဏာမခြေလှမ်း သည် ကမ္ဘာလုံးဆိုင်ရာစျေးကွက်များသို့ဝင်ရောက်ရန်နှင့် ဘုံရည်မှန်းချက်များကိုအောင်မြင်ရန် အ တွက် အသင်းဝင်ကုမ္ပဏီများ၏ ကြိုးပမ်းအားထုတ်မှုကိုပေါင်းစည်းနိုင်ရန် ရည်ရွယ်ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

Source:                            Emirates News Agency

Date:                               23.9.2024

Nanda Soe Myint             Economic Counsellor (Dubai)

 

Category: International News