International News

ရေနံနှင့်ရေနံထွက်ပစ္စည်းများဈေးနှုန်း ကျဆင်းလာသည့်အတွက်၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း တောင်ကိုရီးယားနိုင်ငံ၌ ထုတ်လုပ်သူဈေးဆနှုန်းကိန်း ကျဆင်းခဲ့

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေး အားနည်းနေခြင်းနှင့် အီးယူနိုင်ငံများ၏ အားရဖွယ်မရှိသည့် စီး ပွားရေးအခြေအနေများကြောင့် ရေနံစိမ်းဝယ်လိုအားအပေါ် စိုးရိမ်မှုများရှိလာသည့်အတွက် ဈေး နှုန်းများ ကျဆင်းလျက်ရှိပါသည်။ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံတွင်း ရေနံနှင့် ရေနံထွက်ပစ္စည်း များ ဈေးနှုန်းကျဆင်းလာခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း လယ်ယာထွက်ကုန်အပါ အဝင် အခြားသောကုန်စည်များ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာလာခဲ့ပြီး ရောင်းချသည့် ကုန် စည်များဈေးနှုန်းလည်း ကျဆင်းခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ၂၄-၉-၂၀၂၄ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ငွေကြေးဖောင်းပွနှုန်းကို တိုင်းတာရာတွင် အဓိကကျသည့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း (Producer Price Index- PPI) သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ၀.၁ ရာခိုင်နှုန်း ကျဆင်းလာ ခဲ့ပါသည်၊၊ လအလိုက် PPI ကိုနှိုင်းယှဉ်ရာတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၏  PPI သည် ဇွန်လကထက် ၀.၃ ရာခိုင်နှုန်းမြင့်မားခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၏ PPI သည် ဇူလိုင်လကထက် ၀.၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်မှ ကနဦးထုတ်ပြန်ထားပါ သည်၊၊  ယင်းသို့ PPI ကျဆင်းခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၏ ငွေကြေးဖောင်းပွနှုန်းသည် ၃ နှစ်ခွဲကာလအတွင်း အနိမ့်ဆုံးနှုန်းအထိ နှေးကွေးခဲ့ပါသည်။ သို့သော် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအ တွင်း နှစ်အလိုက် PPI ကို တွက်ချက်ရာတွင် ၁.၆ ရာခိုင်နှုန်း မြင့်မားနေဆဲဖြစ်ပါသည်။

 

Source: https://www.koreatimes.co.kr/www/biz/2024/09/488_382961.html

ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

 

Category: International News