Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အ​ခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၆၅၇)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁.၃၀၀) သန်း၊ သွင်းကုန်တန်ချိန် (၁၂၄၉)၊ (၇၆၄၅) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၂၅၄) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅၄ သန်း ဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ပဂဲ၊ ကဏန်းချေးပုံး၊ ဆီအုန်းစေ့၊ ဆီအုန်းစွန့်ပစ်အညစ်အကြေး တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပီလောပီနံမှုန့်၊ ဆား၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆော်ဒါမှုန့်၊ ဆိုဒီယမ်ကာဗွန်နိတ်၊ ကျောက်ချဉ်၊ ထုံးမှုန့်၊  ဆိုးဆေးမှုန့်၊ မီးသွေးမှုန့်၊ ပြောင်းစေ့၊ အလှဆီ၊ ကန့်၊ ဇင့်အောက်ဆိုဒ်၊ ပလပ်စတစ်ရေခဲပုံး၊ ငှက်သိုက်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ ငါးဖမ်းပိုက်၊ ကားမှုတ်ဆေး၊ ဆပ်ပြာကုန်ကြမ်း၊ ကုန်စုံ၊ သံချောင်း၊ ဆေးပုံး၊ ကော် တို့ဖြစ်ကြောင်း သိရှိရသည်။

Source: https://www.commerce.gov.mm
 

Category: Local News