Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင္ဂလားဒေ့ရှ်နိုင်ငံသို့ ယခုသီတင်းပတ် (၂၂-၄-၂၀၂၃ မှ ၂၈-၄-၂၀၂၃ထိ) အတွင်း ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြန်မာ-ဘင်္ဂလားဒေ့ရှ့်နှစ်နိုင်ငံတို့အကြားကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလား ဒေ့ရှ့်နယ်စပ်ရှိရခိုင်ပြည်နယ်၊စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တော ကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတဆင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျှင် မြန်ချော မွေ့စေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုတင်ပို့လျက်ရှိသည်။

     ယခုသီတင်းပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၇၆၇)သန်း တင်ပို့နိုင်ခဲ့သည်။ ယခု သီတင်းပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မန်ကျည်းစေ့၊ ဆီးဖတ်၊ ချင်း(အစို)၊ ဆီးသီးခြောက်နှင့် အုန်းသီးခြောက်တို့ဖြစ်ပြီး စက်မှုကုန်ချော ပစ္စည်းဖြစ်သည့် ဆီးယိုထုပ်တို့တင်ပို့ခဲ့သည်။

     ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ ယခုသီတင်းပတ်အတွင်းတင်သွင်းခဲ့သည့် ကုန်ပစ္စည်းမှာWriting A4 Paper ဖြစ်ပြီးအမေရိကန်ဒေါ်လာသန်း (၀.၃၀၀) ဒေါ်လာသန်း တန်ဖိုးဖြစ်ကြောင်းသိရှိရသည်။

Source: https://www.commerce.gov.mm
 

Category: Local News