Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၂၈-၃-၂၀၂၃)ရက်နေ့မှ(၃၁-၃-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

       လယ်ယာထွက်ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ မတ်ပဲ၊ ပီလောပီနံ၊ ဂျင်း၊ မန်ကျည်းသီးနှင့် နှမ်းတို့ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ငါးတီး၊ ငါးသလောက်၊ ကုလားကုတ်၊ ငါးပါးနီ၊ ငါးဓါးလွယ်၊ ငါးပိနှင့် ဝလုံးကဏန်းတို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/ အမျိုးသမီး ဝတ်အထည်အလိပ်များ တင်ပို့လျက်ရှိသည်။

      အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ပြောင်း၊ ငရုတ်၊ သံတို/သံစများ၊ ကြက်သွန်နီ၊ ရေထွက်ကုန်ပစ္စည်း၊ မတ်ပဲ၊ ငါးပိ၊ ပီလောပီနံ၊ မန်ကျည်းသီး၊ ဂျင်း၊ CMP ၊ နှမ်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

     ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။

      သွင်းကုန်တင်သွင်းမှုအနေဖြင့် ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပို ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ အဝတ်အထည်၊ အားကစားပစ္စည်း၊ တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ အလှကုန်ပစ္စည်း၊ ငါးဖမ်း ကိရိယာ၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေး ပစ္စည်းများ၊ Packing Material ၊ လူသုံးကုန်ပစ္စည်း၊ စက်ဆီ/ချောဆီ၊ ယန္တရားအပိုပစ္စည်းများနှင့် ဓာတ်မြေ ဩဇာများ တင်သွင်းလျက်ရှိသည်။  

       အများဆုံးသွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စားသောက်ကုန်၊ အိမ်သုတ်ဆေး၊ သစ်သီး၊ လျှပ်စစ်ပစ္စည်း၊ Garment ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကားအပိုပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ စက်ဆီ/ ချောဆီ၊ ဓာတ်မြေဩဇာနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

   (၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ် ပေါ်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

       ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၃.၆၈)ကျပ်ထိရှိခဲ့ပြီး ယခုအပတ်တွင် (၈၃.၃၃) ကျပ်ခန့်အထိသာရှိသဖြင့် ဘတ်စျေးအနည်းငယ်ပြန်ကျလာသဖြင့် သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News