Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ မတ်လအတွင်း ကုန်ပစ္စည်းအမယ်အလိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

        ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၃၅၂၉) စီး၊ တန်ချိန်အားဖြင့် (၈၈၂၂၅) တန် တင်ပို့နိုင်ခဲ့ပြီး တစ်သျှူးငှက်ပျောအပြင် ငရုတ်(အစို) တင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၁၅) စီး၊ (၂၅၅) တန်၊ ဖရုံသီးတင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၅) စီး၊ (၁၀၀) တန်၊ ဖရဲသီးတင်ပို့မှု အနေဖြင့် ယာဉ်စီးရေ (၂၄) စီး၊ တန်ချိန် (၆၀၀) တန်နှင့်Rice Husk Charcoal တင်ပို့မှုအနေဖြင့် ယာဉ်စီးရေ (၄) စီး၊ (၁၃၇) တန်တို့ တင်ပို့နိုင်ခဲ့သည်။

    သွင်းကုန်ပိုင်းတွင် ယာယီစနစ်ဖြင့် တင်သွင်းသည့် ငှက်ပျောထုပ်ပိုးပစ္စည်းများ မတ်လ အတွင်း ယာဉ်စီးရေ(၃၀၇၅) စီး၊ တန်ချိန်(၈၉၁၈)တန် တင်သွင်းခဲ့ပါသည်။ အခြား သွင်းကုန်များအနေဖြင့် B/N DIESEL ENGINE ၊ PLASTIC FILM FOLDING MACHINE (COMPLETE SET WITH MOTOR) ၊ ZINC COATED IRON WIRE ၊ WELDING ROD ၊ BOLT & NUT၊ IRON PIPE ၊IRON SHEET ၊ ARTIFICIAL GRASS၊ EMPTY CARGO CONTAINER၊ ROOFING NAIL ၊ POLYMERS FOAM၊ PLASTIC RESIN ၊ B/N CAR TYRE WITH TUBE AND FLAPစသည့် အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီးများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များတင်သွင်းလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News