Local News

ပြည်ပပို့ကုန် အလားအလာရှိသောထုတ်ကုန် ထောပတ်သီးဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်ခြင်း

Last Updated:

 

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ MSMEsထွက်ကုန်များ၏ ပြည်ပဈေးကွက်ရှာဖွေရေး Talk Show ပြုလုပ်ရန် လမ်းညွှန်ချက်နှင့်အညီ၊  ပြည်ပပို့ကုန်အလားအလာရှိသောထုတ်ကုန် ထောပတ်သီးဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကို ၅-၄-၂၀၂၄ ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ၌ (Virtual System)ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများစုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး၊ တောင်ကြီးမြို့၊ တာဝန်ခံက ရှမ်းပြည်နယ်၏ ပြည်ပပို့ကုန်အလားအလာရှိသော အမည်ဖြစ်သည့် ထောပတ်သီးပို့ကုန် ဈေးကွက်အလာအားရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများမှ သိရှိလိုသည်များအား အထွေထွေဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို (၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News