Local News

မန္တလေး ပဲမျိုးစုံဈေးကွက် ပဲဈေးနှုန်းများ ဈေးမြင့်

Last Updated:

     မန္တလေးပွဲစား ကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲဈေးနှုန်းမှာ မတ်ပဲအသစ်များ မန္တလေးဝန်းကျင်ဒေသများမှဝင်ရောက်မှုရှိခြင်း၊ ရန်ကုန် ဝယ်လက်နှင့် လှောင်သမားအဝယ်ရှိခြင်းကြောင့် ၆၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၁၈၅၀၀၀ မှ ၁၈၆၀၀၀ ကျပ်ထိ ဈေး မသိမသာမြင့်သွားသည်။

 ပဲတီစိမ်း

     ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း (ရွှေဝါ) အညာခရမ်းသုံးမျိုးလုံး ဝင်ရောက်မှုရှိခြင်းကြောင့် ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ပဲတီစိမ်း (အညာ) ၅၆.၂၅ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၄၅၀၀၀ ကျပ်မှ ၁၆၀၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲတီစိမ်း (ရွှေဝါ) ၅၆.၂၅ ပိဿာ ၂၁၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲတီစိမ်း (ခရမ်း)မှာ ရန်ကုန်ဘက်သို့ အဝင်များပြီး မန္တလေးဘက်အဝင်နည်း ခြင်း အရောင်းအဝယ်အေးခြင်းတို့ကြောင့် ၅၆.၂၅ ပိဿာ ၂၃၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။

ပဲစဉ်းငုံ (ဖြူ/နီ) 

     ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ အသစ်ဝင်ချိန်ဖြစ်သော်လည်း စိုက်ဧကနည်းအထွက်နည်း အဝင်နည်းခြင်း၊ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ၆၀ ပိဿာ ပဲစဉ်းငုံ (နီ) ၁၉၇၀၀၀ ကျပ်မှ ၂၀၈၀၀၀ ကျပ်သို့ ဈေးမြင့်နေပြီး ပဲစဉ်းငုံ (ဖြူ) မှာ ၆၀ပိဿာ ၁၈၆၀၀၀ ကျပ်မှ ၁၉၅၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။

ကုလားပဲ

     ကုလားပဲအုပ်စုအနေဖြင့် ကုလားပဲ (လုံးဖြူကြီး) မှာ အသစ်အဝင်နည်းသေးခြင်း၊ လက်ကျန်နည်းခြင်း၊ လှောင်သမားဝယ်ယူမှုရှိခြင်းကြောင့် ကုဖြူကြီး ၅၇.၂၅ပိဿာ ၁၈၆၀၀၀ ကျပ်မှ ၁၈၉၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။ ကုလားပဲ (လုံးဝါကြီး) မှာလည်း ပစ္စည်းနည်းခြင်း ခွဲစက်သမားအဝယ်ရှိခြင်းကြောင့် ၅၆.၂၅ ပိဿာ ၁၇၈၀၀၀ ကျပ်မှ ၁၈၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ခွဲခြမ်းမှာလည်း လုံးဝါကြီး ဈေးမြင့်သဖြင့် ခွဲခြမ်းဈေးပါ ၁ပိဿာ ၄၃၅၀ ကျပ် မှ ၄၄၅၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။     

စားတော်ပဲ

     စားတော်ပဲ (ကျွန်း) မှာ အဝင်ပုံမှန် လက်လီသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၉.၂၅ပိဿာ ၃၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

ပဲယင်း

     ပဲယင်းမှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ ပဲခွဲစက်များ ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၆၀ ပိဿာ ၁၅၇၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။

မြေတောက်ပဲ

     မြေတောက်ပဲမှာ အသစ်ဝင်ရောက်မှုရှိခြင်း အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် ၅၄ပိဿာ ၂၇၀၀၀၀ ကျပ်မှ ၂၈၅၀၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်မှုရှိသည်။

ပဲလွန်း (ဖြူ/ပြာ)

     ပဲလွန်း (ဖြူ/ပြာ) မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် ပဲလွန်းဖြူ ၆၀ ပိဿာ ၁၄၅၀၀၀ ကျပ် ပဲလွန်းပြာ ၆၀ ပိဿာ ၁၃၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲလွန်းဖြူ အားအဝေးမှာယူ မှုများတင်ပို့မှုအနည်းငယ်ရှိသည်။       

ပဲကြီး (ကြီး/သေး) ထောပတ်ပဲ (ကြီး/သေး) 

      ပဲကြီး (ကြီး/သေး) ထောပတ်ပဲ (ကြီး/သေး) တို့မှာ အသစ်ဝင်ချိန်ဖြစ်ခြင်း၊ လုပ်ငန်းသမား၊ လှောင်သမားဝယ်ယူမှုရှိခြင်း၊ အဝင်ပုံမှန် ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ပဲကြီး/ကြီး ၅၅.၂၅ ပိဿာ ၂၃၅၀၀၀ ကျပ် ပဲကြီး/သေး ၂၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

      ထောပတ်ပဲ (ကြီး/သေး) မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေးကောင်းခြင်း၊ လုပ်ငန်းသမားလှောင်သမား အဝယ်ရှိခြင်းကြောင့် ထောပတ်ပဲ (ကြီး) ၅၆.၂၅ ပိဿာ အရည်အသွေး အကောင်းဆုံး ၂၃၅၀၀၀ ကျပ်မှ ၂၄၀၀၀၀ ကျပ် သို့ဈေးမသိမသာမြင့်သွားပြီး ထောပတ်ပဲ (သေး) မှာ လက်လီသမားအဝယ်ရှိခြင်းကြောင့် ၅၆.၂၅ပိဿာ ၂၀၅၀၀၀ ကျပ်မှ ၂၂၀၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။

ပဲပုတ် (မြန်မာ/ရှမ်း)

     ပဲပုတ် (မြန်မာ/ရှမ်း)တို့မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမားဝယ်ယူမှုသာရှိခြင်းကြောင့် ပဲပုတ် (မြန်မာ) ၅၃.၂၅ ပိဿာ ၁၉၀၀၀၀ ကျပ်မှ ၁၈၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲပုတ် (ရှမ်း) မှာ အဝင်နည်းသေးခြင်း ဆီစက်သမား ပုံမှန်အဝယ်ရှိခြင်းကြောင့် ၁၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source Market Information Service- DOP- MOALI

https://www.foodindustrydirectory.com.mm/

Category: Local News