Local News

မအူပင်မြို့နယ်၌ ကြက်ဥဈေးကောင်းရရှိလာသဖြင့် မွေးမြူသူများအဆင်ပြေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၂၇၀၀၀ အထိ ဈေးကောင်းရရှိလာသဖြင့် မွေးမြူသူများ    အဆင်ပြေလာကြောင်း မအူပင်မြို့နယ် ကြက်ဥ၊ ဘဲဥ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဦးနေကျော်၏ ပြောပြချက် အရ သိရသည်။ မအူပင်မြို့နယ်၌ ဇန်နဝါရီလက ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၁၉၅၀၀ အထိသာ ရရှိခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍  ဈေးကောင်းလာပြီး လက်ရှိတွင် ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၂၇၀၀၀ အထိ ဈေးကောင်းရရှိနေခြင်းဖြစ်သည်။   ကြက်ဥဈေး ကောင်းလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက်ခြံလုပ်သာများ၊ ကုန်သည်များအဆင်ပြေလာသည်။

     “လက်ရှိ ကြက်ဥဈေးကောင်းလာတာက ရန်ကုန်ဘက်က ဝယ်လိုအားများနေလို့ပါ။ အရောင်းအဝယ်ကောင်းပြီး ဈေးကောင်းရရှိတော့ မွေးမြူရေးလုပ်ငန်းရှင်တွေ အဆင်ပြေတယ်” ဟု ဦးနေကျော် ကပြောသည်။

     မအူပင်မြို့နယ်၌ ဥစားကြက်မွေးမြူ ရေးလုပ်ငန်းကို ကျေးလက်နေတောင်သူများ အဓိကလုပ်ကိုင်ကြပြီး ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးလျှင်    ကြက် အကောင်ရေ  ၁၅၀၀  မှ ၁၂၀၀၀ အထိ မွေးမြူကြကြောင်း၊  အဆိုပါဥစားကြက်ကို အကောင် ၁၀၀ လျှင် ငွေကျပ် ၂၅၀၀၀၀ နှုန်းဖြင့် ဝယ်ယူမွေးမြူရကြောင်း   သိရသည်။                              

 

သုတကျော်

https://myawady.net.mm

Category: Local News