Local News

တရုတ်နိုင်ငံ၏ ပြည်သူ့ ရန်ပုံငွေတန်ဖိုးသည် ယွမ် ၂၇ ဒသမ ၂၅ ထရီလီယံအထိရောက်ရှိခဲ့ခြင်း

Last Updated:

     ဘေဂျင်း - ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်တွင် တရုတ်နိုင်ငံ၏ ပြည်သူ့ရန်ပုံငွေ၏ စီမံခန့်ခွဲမှုအောက်တွင် ယွမ် ၂၇.၂၅ ထရီလီယံ (ဒေါ်လာ ၃.၉၅ ထရီလီယံခန့်) ပိုင်ဆိုင်ခဲ့ကြောင်း တရုတ်ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုအသင်း၏ အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့်လကုန်တွင် ရန်ပုံငွေစီမံခန့်ခွဲမှု ကုမ္ပဏီ ၁၄၂ ခုမှ ပြည်သူ့ ရန်ပုံငွေစုစုပေါင်း ၁၀,၆၀၇ ခုကို ဆောင်ရွက်ပေးခဲ့ကြောင်း အသင်းမှပြောကြားခဲ့သည်။  စာရင်းပိတ် ရန်ပုံငွေလက်ကျန်ပမာဏသည် ယွမ် ၃.၅၈ ထရီလီယံကျော်အထိ ရောက်ရှိခဲ့ပြီး စာရင်းဖွင့် ရန်ပုံငွေလက်ကျန် ယွမ် ၂၃.၆၇ ထရီလီယံ ခန့်ရှိကြောင်း အချက်အလက်များဖြင့် ဖော်ပြခဲ့သည်။ ရန်ပုံငွေစီမံခန့်ခွဲရေးကုမ္ပဏီ ၁၄၂ ခု အနက် ၄၇ ခုသည် နိုင်ငံခြားမှရန်ပုံငွေနှင့် ၉၅ခုမှာပြည်တွင်း လုပ်ငန်းဖြစ်ကြောင်း အဆိုပါအသင်းမှသိရသည်။

Source- China Daily/ Xinhua | 2023-02-26 13:17

https://commerce.gov.mm

Category: Local News