Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု ယခင်နှစ် ကာလတူထက်ပိုမိုဆောင်ရွက်

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ(၃)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁၀.၁၈၅)ဒေါ်လာသန်း၊ သွင်းကုန်(၆.၉၉၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၇.၁၈၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၁၅၈)စီး၊ သွင်းကုန် (၅၈၂)စီး ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ်ပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ (၂၄)ရက်နေ့အတွင်း ပို့ကုန်ဆောင်ရွက်မှု (၇.၅၉၁) ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု (၆.၉၉၃) ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏအနေဖြင့် (၁၄.၅၈၄) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

     အဓိကပို့ကုန်ဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မြေပဲဆံ၊ ကုန်လားပဲ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဇီးဖြူသီးခြောက်၊ ချင်း(စို)၊ ငရုတ်သီး(အစို)၊ ရော်ဘာတို့ တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့် ယခင်အပတ်ထက် (၂.၅၉၄) ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု တင်သွင်းမှုလျော့နည်းခဲ့သော်လည်း၊ လူသုံးကုန်ပစ္စည်းအုပ်စုနှင့် လုပ်ငန်းသုံးကုန်ကြမ်း အုပ်စုတို့ပိုမိုခဲ့ခြင်းကြောင့် ယခင်အပတ်ထက် (၀.၀၀၃) ဒေါ်လာသန်းပိုမိုခဲ့၍ ကုန်သွယ်မှုပမာဏအနေဖြင့် (၂.၅၉၇) ဒေါ်လာသန်း ပိုမိုခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

https://commerce.gov.mm

Category: Local News