Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

      စစ်ကိုင်းတိုင်း​ဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၃၀၀၀၀) ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက် တင်ပို့လျက်ရှိကြောင်း သိရသည်။

     ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးနှုန်းများမှာ(ကြီး) (၁၂၀၀-၁၀၅၀)ကျပ်၊ (လတ်) (၁၀၀၀-၉၀၀)ကျပ်၊ (သေး) (၈၅၀-၈၀၀) ကျပ်နှုန်းနှင့် အလုံးဆိုဒ်၊ အစို၊ အခြောက်၊ အရောင်းအသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု များရှိပါသည်။ ကြက်သွန်နီလက်လီ တစ်ပိဿာ ဈေးနှုန်းများမှာ(ကြီး) (၁၄၀၀-၁၂၀၀)ကျပ်၊ (လတ်) (၁၁၀၀-၁၀၀၀)ကျပ်၊ (သေး) (၉၀၀-၈၀၀)ကျပ် ရှိပါသည်။ ကြက်သွန်ဖြူလက်လီ တစ်ပိဿာ ဈေးနှုန်းမှာ(ဗမာ) (၅၀၀၀-၆၀၀၀)ကျပ်၊ ရှမ်းစ (၄၀၀၀-၄၅၀၀) ကျပ်၊ ကြူကုတ် (၅၅၀၀-၆၀၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

 

                                                                                                                                                                                 ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News