Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုသတင်း အခြေအနေ

Last Updated:

       ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၂၅-၂-၂၀၂၃) မှ (၃-၃-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ စစ်တုံဥ၊ ချင်း(အစို)၊ ဇီးသီးခြောက်၊ အုန်းသီး၊ အုန်းသီးခြောက်၊ တံမျက်စည်းကြမ်း၊ ငါးမြစ်ချင်းနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၀၀၀၄၀ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

      ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် စစ်တုံဥ တန်ချိန်  ၁၅၄ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ စစ်တုံဥ တန်ချိန် ၂၃၄ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် စစ်တုံဥ တန်ချိန် တင်ပို့နိုင်မှုလျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် စစ်တုံဥတင်ပို့နိုင်မှု ငွေပမာဏမှာ ၁၆၁၇၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

 

 

                                                                                                                                                                                    နီလာ

                                                                                                                                                                  သဇင်မြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News