Local News

မန္တလေး သစ်သီးဝလံဈေးကွက်အခြေအနေ

Last Updated:

     ငရုတ်စို(ရှည်) မှာ မုံရွာမှ မဝင်သေးဘဲ ရွှေဘိုဘက်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၂၂၀၀ ကျပ်၊ မုံရွာ၊ ချောင်းဦးမှ (လတ်) တစ်ပိဿာ ၃၂၀၀ ကျပ်ဖြင့် မြို့တွင်း ငပိထောင်း၊ လက်ဖက်လုပ်ငန်းသမားများ ပုံမှန် ဝယ်ယူနေသည်။ ပြင်ဦးလွင်မှ ဂေါ်ဖီထုပ်၊ ပန်းမုံလာများ အဝင်နည်းခြင်းကြောင့် ဂေါ်ဖီတစ်ထုပ် ၁၂၀၀ကျပ်၊ ပန်းမုံလာတစ်ပွင့် ၆၀၀ ကျပ်၊ မုံလာဥနီ တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးရှိပြီး မုံရွာဘက်မှ ဘိုစားပဲသီးများ အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်ထိ ဈေးမြင့်နေသည်။
   သစ်သီးဝလံများအနေဖြင့် သခွားမွှေးသီးများ လေးလုံးတစ်ဖာလျှင် ၈၀၀၀ ကျပ် ဈေးရှိသည်။
ဖရဲသခွားတစ်လုံး ၁၀၀၀ကျပ် ဈေးရှိသည်။ မြစ်သား၊ တံတားဦးတို့မှ သဘောႅသီးဝင်ရောက်ပြီး တစ်လုံး ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ်ထိ အရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်နေသည်။ ရမည်းသင်းဘက်မှ စပျစ်သီး တစ်ပိဿာ ၆၀၀၀ ကျပ် မှ ၆၅၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။ စတော်ဘယ်ရီ ၅ ပိဿာ တစ်ခြင်း ၁၈၀၀၀ ကျပ် ဈေးရှိသည်။ စိန်တစ်လုံး သရက်သီးများ လှိုင်လှိုင်ဝင်ရောက်သောကြောင့် ၁၀ လုံး ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

Source: https://www.foodindustrydirectory.com.mm
 

Category: Local News