Local News

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

Last Updated:

       မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအခြေအနေမှာ ရန်ကုန်ပေါ်ဆန်းမှာ စတင်စိုက်ပျိုးရန် ပြင်ဆင်စဖြစ်၍ လက်ကျန်နည်း ပစ္စည်းရှားခြင်းကြောင့် တစ်အိတ် ၈၅၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။ ရွှေဘိုပေါ်ဆန်း လက်ကျန်နည်း ပစ္စည်းရှားခြင်းကြောင့် တစ်အိတ် ၉၇၀၀၀ ကျပ် မှ ၁၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

    ဇီယာနှင့် ငစိန်တို့မှာလည်း ရန်ကုန်ဈေးကွက်မှတစ်ဆင့် သယ်ယူတင်ပို့ရသော ဆန်ဖြစ်ခြင်း၊ စိုက်ပျိုးရန် ပြင်ဆင်စဖြစ်ခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း၊ မုန့်လုပ်ငန်းနှင့် မြို့တွင်းသုံးဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ဇီယာတစ်အိတ် ၆၂၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်သို့လည်း ကောင်း၊ ငစိန်တစ်အိတ် ၅၉၀၀၀ ကျပ် မှ ၆၀၀၀၀ ကျပ်သို့လည်းကောင်း ဈေးမြင့်သွားသည်။ မနောသုခဆန်မှာလည်း မြို့တွင်းသုံးပုံမှန်ရှိခြင်း၊ မန္တလေးဝန်းကျင်မှ စိုက်ပျိုး စကာလဖြစ်ခြင်းကြောင့် တစ်အိတ် ၆၄၀၀၀ ကျပ် မှ ၆၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ဧရာမင်းဆန်မှာ အသစ်များ အဝင်နည်း၊ ပစ္စည်းရှားသွားခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၈၈၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source: https://www.foodindustrydirectory.com.mm
 

Category: Local News