Local News

မန္တလေးဈေးကွက် အစေ့ထုတ်ပြောင်းနှင့် ဂျုံ ဈေးနှုန်းများ အခြေအနေ

Last Updated:

      မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းများအနေဖြင့် အသစ်ဝင်ရောက်မှုရှိခြင်း၊ နိုင်ငံခြားဂျုံများ အဝင်ရှိခြင်း၊ ဂျုံစက်များ အဝင်နည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင် ဂျုံများမှာ ယခင်လ အရည်အသွေးအနိမ့်ဆုံး ဂျုံ ၆၀ ပိဿာ ၁၆၀၀၀၀ ကျပ် မှ ယခုလ ၁၅၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ရှမ်းဂျုံမှာ ၁၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြူကုတ် ဂျုံ ၆၀ပိဿာ ၁၂၀၀၀၀ ကျပ်၊ဩစတြေးလျ ဂျုံမှုန့်တစ်ပိဿာ ၃၀၅၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ အစေ့ထုတ်ပြောင်းမှာ ပင်ရင်းဒေသမှ ပြည်ပသို့ပို့ရန် အဝယ်နည်းခြင်း၊ ဈေးကွက်အတွင်း အသစ်များ ဝင်ရောက်မှုရှိခြင်းကြောင့် အစာစပ်သမား အဝယ်ရှိသော်လည်း ၅၄ ပိဿာ ယခင်အပတ် ၆၂၀၀၀ ကျပ် မှ ယခုအပတ် ၆၀၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

Source: https://www.foodindustrydirectory.com.mm
 

Category: Local News