Local News

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၇၇၅ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၁၅ သန်းကျော်ရှိ

Last Updated:

     လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၇၇၅ သန်းကျော် တင်ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၁၅ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း မြန်မာနိုင်ငံဘက်မှပို့ကုန် တန်ဖိုး ဒေါ်လာ၂၇၇၅ ဒသမ ၅၅၅ သန်း၊ ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၁၅ ဒသမ ၁၁၁ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၄၃၉၀ ဒသမ ၆၆၆ သန်း ရှိသည်။

     ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ Mini Budget  ခြောက်လအတွင်း မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်က ပို့ကုန်တင်ပို့မှု တန်ဖိုး ဒေါ်လာ ၁၉၁၁ သန်းကျော်တင် ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာသန်း ၁၀၇၀ ကျော်သာရှိကြောင်း၊ ခြောက်လအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ  ၂၉၈၁ ဒသမ ၅၇ သန်းရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရ သည်။

     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၃၂၈၇ သန်းကျော်ရှိပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာသန်း ၁၉၈၀ ကျော်သာရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလကုန်အထိ   မြန်မာနိုင်ငံဘက်မှ   ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၈၇ ဒသမ  ၅၄၇ သန်း၊   ထိုင်းနိုင်ငံဘက်မှသွင်းကုန်တန်ဖိုး  ဒေါ်လာ ၁၉၈၀  ဒသမ ၈၉၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၂၆၈ ဒသမ ၄၃၈ သန်း ရရှိခဲ့သည်။ COVID-19  ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ သန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့ကြော င်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

     ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်း ရရှိထားသည်။

     ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်  အောက်တိုဘာလ  ၁ ရက်မှ  စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်း  နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ  ၅၄၆၅ ဒသမ  ၁၇၃ သန်းရှိပြီး   မြန်မာဘက်မှပို့ကုန် တန်ဖိုး ဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်း တင်ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်းထားသည်။   ၂၀၁၈ ခုနှစ်  ဧပြီ ၁   ရက်မှစက်တင်ဘာ လကုန် အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာနိုင်ငံဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ  ၄၅၄ သန်း  တင်ပို့ထားပြီး  ထိုင်းနိုင်ငံဘက်မှ  သွင်းကုန် တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

 

     ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာနိုင်ငံဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်းတင် ပို့ထားပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ် လာ ၂၂၂၈ ဒသမ ၆၄၁ သန်း တင်သွင်းထားသည်။

     ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး   မြန်မာဘက်မှ ပို့ကုန်တန်ဖိုး  ဒေါ်လာ ၂၂၁၂  ဒသမ  ၂၃၄  သန်း   တင်ပို့ထားပြီး      ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်း ထားသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ - NES  ၂၀၂၀-၂၀၂၅ သည်   မြန်မာနိုင်ငံသားများအတွက် အလုပ် အကိုင်များနှင့်အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းလုပ်ဆောင်နိုင်မည့်   အခွင့်အရေးတစ်ခုဖြစ်ကြောင်း   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

https://news-eleven.com
 

Category: Local News