International News

ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာပေါ်တွင်အာလူးထွက်ရှိမှုနှင့် တင်ပို့မှုအများဆုံးများထဲမှတစ်ခုဖြစ်လာ

Last Updated:

     ကမ္ဘာတစ်ဝှမ်းလုံးရှိစားနပ်ရိက္ခာ ရောင်းချသူများသည် ကစီဓာတ်ရှိသောအဟာရဖြည့် သီးနှံ တစ်မျိုးဖြစ်သည့်  အာလူးကိုဖြန့်ဖြူးရောင်းချရန် စိတ်ဝင်စားလျက်ရှိသည်။

     ကမ္ဘာ့အဓိက စားနပ်ရိက္ခာသီးနှံများဖြစ်သည့် ပြောင်း၊ ဂျုံနှင့် ဆန်တို့ပြီးလျှင် အာလူးသည်  ကမ္ဘာ့စတုတ္ထ အရေးအကြီးဆုံးစားနပ်ရိက္ခာသီးနှံဖြစ်သည်။  ၂၀၂၂ ခုနှစ်  စာရင်းများအရ  ကမ္ဘာ့ ပေါ်တွင် အာလူးအများဆုံး စိုက်ပျိုးတင်ပို့ရောင်းချသည့်နိုင်ငံမှာတရုတ်၊  အိန္ဒိယ၊  ယူကရိန်း၊  ရုရှတို့ဖြစ်ပြီး  ပဉ္စမမြောက်  အာလူးစိုက်ပျိုးတင်ပို့ရောင်းချသည့်  နိုင်ငံမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ် ကြောင်း ဖော်ပြထားသည်။

     ၂၀၂၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အာလူးတန်ချိန် ၁၅ သန်းခန့် စိုက်ပျိုး ထုတ်လုပ်ခဲ့ပြီး အဆိုပါထုတ်မှု၏  ၅၀ ရာခိုင်နှုန်းခန့်ကိုမြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ တင်ပို့ နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့နိုင်ငံ၏ အာလူးစိုက်ပျိုးမှုသည် နှစ်စဉ်တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ကြောင်းလည်း ရေးသားဖော်ပြထားသည်။

     ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အရည်အသွေးကောင်းမွန်သော အာလူးများကို စိုက်ပျိုးထွက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် အာလူးတန်ချိန် မက်ထရစ်တန် သန်း(၅၀)ခန့် ထွက်ရှိအောင်စိုက်ပျိုး သွား မည်ဟု ရေးသားဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အာလူးများကို အဓိကတင်သွင်းသည့်နိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ သီရိလင်္ကာ၊  ယူအေအီး၊  ဆော်ဒီအာရေးဗီးယား၊  အိုမန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ရုရှားတို့ဖြစ်သည်။

https://commerce.gov.mm
 

Category: International News