ပြည်ပသို့ ပျားရည်တန်ချိန် ၁၉၀၀ တင်ပို့ထား Last Updated: 2023-03-17 ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြည်ပသို့ ပျားရည်တန်ချိန် ၁၉၀၀ တင်ပို့ထားကြောင်း မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းမှ သိရသည်။ အဆိုပါပျားရည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော်ရရှိထားကြောင်း မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ခိုင်ထွေးက ပြောသည်။ မြန်မာ့ပျားရည်ကို တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ)နှင့် စင်ကာပူနိုင်ငံသို့တင်ပို့ပြီး ဂျပန်နိုင်ငံကို အများဆုံးတင်ပို့ထားကြောင်း၊ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ပြည်တွင်းစားသုံးရန် နှစ်စဉ်ပျားရည်တန်ချိန် ၂,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ တန်ချိန် ၄,၀၀၀ ခန့် တင်ပို့လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှလည်း နှစ်စဉ်ပျားရည်ထုတ်လုပ်လျက်ရှိရာ ပျားမွေးမြူရေးဌာနအနေဖြင့် စိုက်ပျိုးသီးနှံဧက ၁၅ သိန်းအား ဝတ်မှုန်ကူးပြောင်းလဲပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ မြန်မာ့ပျားရည်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်ပသို့တင်ပို့ခြင်း ဖြစ်သည်။ Source: Popular News Category: Local News Previous Post လာမည့် ကြံရာသီတွင် ပြည်တွင်းသကြားစက်များ အနေဖြင့် ကြံဈေးနှုန်းတိုးမြှင့် ဝယ်ယူရန... Next Post ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန၏ ၁၇.၃.၂၀၂၃ရက်နေ့ အောင်လံကုန်စည်ဒိုင်စျေးနှုန်းမ...
ပဲမျိုးစုံဈေးနှုန်းများ ယခင်လကုန်ပတ်နှင့် ယခုလကုန်ပတ်နှိုင်းယှဉ်မ... by MyanTrade on 2026-07-03 under Local News
မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်ပစ္စည်းမ... by MyanTrade on 2026-07-03 under Local News