International News

ရော်ဘာလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

Last Updated:

မျက်မှောက်ကာလ သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်နေသည့်နိုင်ငံများတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများမှာ ရော်ဘာဈေးနှုန်းကျဆင်းမှု၊ လုပ်သားစရိတ်တိုးမြှင့်မှု၊ လုပ်သားရှားပါးမှု၊ ရောဂါများ၊ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်ကြောင်း အိန္ဒိယရော်ဘာဘုတ်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ M. Vasanthagesan က ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံ၊ Guwahati မြို့၌ သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) ၏ နှစ်ပတ်လည်ရော်ဘာညီလာခံနှင့် အစည်းအဝေးပွဲများကို ကျင်းပရာတွင် အိန္ဒိယရော်ဘာဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ Sawar Dhanania က ANRPC သည် သဘာဝရော်ဘာ စိုက်ပျိုးသည့်နိုင်ငံများအားလုံးအတွက် တူညီသောပြဿနာများကို ဦးစားပေး၍ သင့်လျော်သော မူဝါဒများ ချမှတ်သင့်ပါကြောင်း၊ ရော်ဘာစိုက်ပျိုးခြင်းကဏ္ဍတွင် စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးရေး၊ ရေရှည် တည်တံ့သော စိုက်ပျိုးမှုအလေ့အထများ မြှင့်တင်ရေး၊ ထောက်ပံ့ရေးကွင်းဆက်များ အားကောင်းစေရေး၊ ရော်ဘာအခြေခံ သစ်ထုတ်ကုန်များအတွက် တန်ဖိုးထပ်တိုးမြှင့်ရေး စသည်ဖြင့် မည်သည့်နေရာ၌မဆို ရှိကြသော ရော်ဘာစိုက်ပျိုးသူများအတွက် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မလေးရှားရော်ဘာဘုတ်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်နှင့် ANRPC ဥက္ကဋ္ဌဖြစ်သူ Dato' Dr Zaroissani Mohd Nor က ANRPC ၏ နှစ်ပတ်လည်ထုတ်ပြန်ချက်ကို တင်ပြခဲ့ရာတွင် အသင်း၏ ရည်မှန်းချက်မှာ ရော်ဘာလုပ်ငန်း၏ကုန်ထုတ်စွမ်းအားကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်၊ ရော်ဘာထုတ်လုပ်မှုမပြုမီကဏ္ဍတွင် တန်ဖိုးထပ်တိုးရန်၊ နောက်ဆက်တွဲ ၀င်ငွေရင်းမြစ်များကို ရှာဖွေနိုင်ရန်၊ သဘာဝရော်ဘာ၏ ဂေဟစနစ် တိုးတက်ကောင်းမွန်စေမည့် အထောက် အထားများကို ရင်းနှီးနိုင်ရန်၊  ရော်ဘာတောင်သူများ၏ ကောင်းကျိုးချမ်းသာကို ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်းဖြင့် တင်ပြခဲ့ပါသည်။

သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် ကြုံတွေ့နေရသည့် ရော်ဘာဈေး နှုန်းကျဆင်းမှု၊ လုပ်သားစရိတ်တိုးမြှင့်မှု၊ လုပ်သားရှားပါးမှု၊ ရောဂါများ၊ ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို စုပေါင်းအင်အားဖြင့် ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ရော်ဘာကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအပြင် ရော်ဘာထုတ်လုပ်မှုနှင့် ရော်ဘာ အခြေခံထုတ်ကုန်များ ထုတ်လုပ်မှုတွင် ဖူလုံမှုရှိစေရေးတို့အတွက် အဓိကအားဖြင့် ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ တာယာထုတ်လုပ်သူများအသင်း (ATMA) ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ငွေကြေးထောက်ပံ့မှုတို့ဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်များရှိ မြေဧရိယာ ဟက်တာ ၂ သိန်းတွင် ရော်ဘာတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် အကြီးမားဆုံးစီမံကိန်း ဖြစ်သည့် ရော်ဘာစိုက်ပျိုးရေး INROAD စီမံကိန်းကို  စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း Vasanthagesan က ပြောကြားခဲ့ပါသည်။

Source: Economic Times, 9 Oct 2023  (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm/my/node/14268

Category: International News