Local News

စားအုန်းဆီရည်ညွှန်းဈေးနှုန်း ၆၅ ကျပ် ကျဆင်းလာ၊ဈေးကွက်တွင်လည်း စျေးအနည်းငယ်ကျဆင်းလာ

Last Updated:

    ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ပြီးခဲ့သည့် တစ်ပါတ်ထက် ၆၅ ကျပ်ကျဆင်းလာပြီး ပြင်ပဈေးကွက်လည်း ၁၀၀၀ နီးပါး ကျဆင်းလာကြောင်း သိရသည်။ ယခုတစ်ပါတ်အတွက် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ မတ်လ ၂၁ ရက်မှ မတ်လ ၂၇ ရက်အထိ တစ်ပိဿာ ၄၅၇၀ ကျပ်သတ်မှတ်ထားကြောင်း၊ ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိဿာ ၄၆၃၅ ကျပ်ဖြစ်ပြီး ယခင်ထက် ၆၅ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။

 

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ပြင်ပဈေးကွက်အတွင်း ပြီးခဲ့သည့်တစ်ပါတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် ၈၀၀၀ ကျော်အထိ​စျေးရှိပြီး ယခုတွင် တစ်ပိဿာ ကျပ် ၇၀၀၀ ဝန်းကျင်ဖြစ်လာကြောင်း ရောင်းချသူများထံမှ သိရသည်။

Source: Popular News

Category: Local News