Local News

၁၁ လအတွင်း ကြက်သွန်နီ ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ ၄၁ သန်းကျော် ရရှိထား

Last Updated:

     ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလအတွင်း ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်နီကို ပြည်ပနိုင်ငံများထံ တင်ပိုရောင်းချခြင်းမှ ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၃၈ သန်းကျော် ရရှိထားကြောင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ပြည်ပသို့ ကြက်သွန်နီ မက်ထရစ်တန်ချိန် (၉၄,၀၀၀) တန် တင်ပို့ရောင်းချထားပြီး ပင်လယ်ရေကြောင်းမှ မက်ထရစ်တန် (၂,၃၀၀)၊ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တန်ချိန် (၉၁,၇၀၀) ကိုတင်ပို့ထားခြင်းဖြစ်သည်။

      ပင်လယ်ရေကြောင်းကနေ စင်္ကာပူ၊ ဗီယက်နမ် နှင့် မလေးရှားနိုင်ငံများသို့ တင်ပိုရောင်းချခဲ့ပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ရောင်းချခဲ့သည်။ ယင်းအပြင် ဖိလစ်ပိုင်နိုင်ငံကို G to G စနစ်ဖြင့် တင်ပို့ရောင်းချနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အသင်းမှ တာဝန်ရှိသူများက ဆွေးနွေးထားကြ​သေးသည်။

Source: Popular News

Category: Local News