Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

       မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများထဲမှ ပဲတီစိမ်းကြီးနှင့် ပဲတီစိမ်းသေး ဈေးငြိမ်ပြီး ကုလားပဲဖြူလုံးသေး၊ မတ်ပဲ၊ ကုလားပဲ 929၊ ပဲစင်းငုံ၊ ပဲကြီးနှင့် ကုလားပဲဖြူလုံးကြီး သီးနှံဈေးနှုန်းများ မြင့်တက်၍ CP ပြောင်းဖူးစေ့ဈေးနှုန်း အနည်းငယ် ကျဆင်းသွားသည်။ ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ပဲစင်းငုံ (၇၅၀၀၀)ကျပ်၊ မတ်ပဲ (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် (၄၅၀၀၀ မှ ၅၀၀၀၀)ကျပ်နှင့် ပဲတီစိမ်း(သေး) (၄၁၀၀၀-၄၂၀၀၀)ကျပ်၊ ပဲကြီးတစ်တင်းလျှင် (၈၁၀၀၀-၈၂၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ပဲစင်းငုံတစ်တင်းလျှင် (၆၉၇၀၀) ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၁၅၀၀-၆၂၅၀၀)ကျပ်နှင့် ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် (၄၅၀၀၀-၅၀၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၂၀၀၀)ကျပ်၊ ပဲကြီးတစ်တင်းလျှင် (၈၀၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ပဲတီစိမ်း(ကြီး)နှင့် ပဲတီစိမ်းသေး ဈေးငြိမ်နေပြီး၊ မတ်ပဲတစ်တင်းလျှင် (၂၅၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်းလျှင် (၅၃၀၀)ကျပ်၊ ပဲကြီးတစ်တင်းလျှင်  (၂၀၀၀)ကျပ် မြင့်တက်နေကြောင်း သိရသည်။

      ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၉၀၀၀)ကျပ်၊ 929 (၆၉၁၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်အပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၆၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၇၅၀၀)ကျပ်၊ 929 (၆၆၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်အပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၁၅၀၀)ကျပ်နှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၂၆၀၀)ကျပ် ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၉၀၀)ကျပ် ပေါက်ဈေး ရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀) ကျပ် ရှိ၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ ဈေးအနည်းငယ်ကျဆင်းနေကြောင်း သိရပါသည်။

 

                                                                                                                                                                                      ဇေယျာကုန်သွယ်မှုဗဟိုဌာန

 

Category: Local News