Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Last Updated:

     မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက် အခြေအနေမှာ နှမ်းနက်ဈေးငြိမ်၍ နှမ်းဖြူ၊ မြေပဲလုံးဆန် ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်း သိရသည်။ ယခုတစ်ပတ်တွင် နှမ်းဖြူတစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းနက် ဈေးငြိမ်နေ ပြီး နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀)ကျပ် မြင့်တက်ကြောင်းသိရသည်။

      ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၀၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၄၀၀-၆၅၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၆၈၀၀-၆၉၀၀)ကျပ်၊ မြေပဲလုံး ဆန်ဖြူ တစ်ပိဿာ (၆၂၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ ဈေးနှုန်းများ အနည်ငယ် မြင့်တက်နေကြောင်း သိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၂၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                               ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News