Local News

မန္တလေးကုန်စည်ဒိုင်၏ ကုလားပဲဈေးနှုန်းအရောင်းသွက်၍ ဈေးမြင့်လာမှုအခြေအနေ

Last Updated:

          မတ်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျက်ရှိရာ ကုလားပဲမှာ စစ်ကိုင်း၊ မုံရွာ၊ တကောင်း၊ ကြာညှပ်၊ ကျောက်ဆည်၊ ကူမဲဘက်မှ အများဆုံး ဝင်ရောက်နေပြီး၊ ပဲခွဲစက်များမှ ကုလားပဲခွဲခြမ်း အရောင်းသွက်၍ ဝယ်လိုအား ကောင်းသောကြောင့် ဈေးမြင့်လာကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

          ကုလားပဲဖြူလုံးကြီး(V-2) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၁၁၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၀၄၀၀၀ မှ ၂၀၅၀၀၀၊ ယခင်လကျပ် ၁၈၈၀၀၀ မှ ၁၉၀၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၆၀၀၀ မှ ၇၀၀၀၊ ယခင်လထက်ကျပ် ၂၀၅၀၀ မှ ၂၃၀၀၀ မြင့်တက်လာသည်။

          ကုလားပဲ(ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၀၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၉၇၀၀၀ မှ ၁၉၈၀၀၀၊ ယခင်လကျပ် ၁၈၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၇၀၀၀ မှ ၈၀၀၀၊ ယခင်လကျပ် ၂၀၀၀၀ မြင့်တက်လာသည်။

          ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၀၂၀၀၀ မှ ၂၀၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၀၀၀၀၀၊ ယခင်လကျပ် ၁၈၈၀၀၀ မှ ၁၉၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မှ ၈၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၁၄၀၀၀ မှ ၁၈၀၀၀ မြင့်တက်လာသည်။

          ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၀၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၀၂၀၀၀ မှ ၂၀၃၀၀၀၊ ယခင်လကျပ် ၁၉၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ ၆၀၀၀၊ ယခင်လထက်ကျပ် ၁၅၀၀၀ မြင့်တက်လာသည်။

 

 

                                                                                                                                                                                                      မြင့်မြင့်လှိုင်

                                                                                                                                                                                         ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News