Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန်အရောင်းအဝယ် ဈေးအေးလာမှုအခြေအနေ

Last Updated:

       မန္တလေးကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ဝကျွန်းဘက်နှင့် သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးဘက်မှ မြေပဲဆန်အသစ်များ ဝင်ရောက်နေကြောင်းသိရသည်။ မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ အနည်းငယ်သာ ဝယ်ယူနေခြင်း။ ပြည်တွင်းစားသုံးမှုတွင် စားအုံးဆီကို အစားထိုးဝယ်ယူစားသုံးလာခြင်း၊ စက်ပိုင်များမှ ဝယ်ယူမှုအေးလာခြင်းတို့ကြောင့် ဈေးအေးလာကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။ ယခင်လထက် မြေပဲဆန်တစ်ပိဿာလျှင်  အနိမ့်ဆုံးကျပ် ၁၀၀ မှ အမြင့်ဆုံး ၈၀၀ ထိ နိမ့်ကျလာသည်။

          မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၆၇၀၀၊ ယခင်တစ်ပတ် ကျပ် ၆၇၀၀ မှ ၆၈၀၀၊ ယခင်လကျပ် ၇၀၀၀ မှ ၇၂၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၊ ယခင်လထက်ကျပ် ၃၀၀ မှ ၅၀၀ နိမ့်ကျလာသည်။

          မြေပဲလုံးဆန်(နီ) တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၆၈၀၀၊ ယခင်တစ်ပတ်ကျပ် ၆၇၀၀ မှ ၆၈၀၀၊ ယခင်လကျပ် ၇၅၀၀ မှ ၇၆၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀ မြင့်တက်လာ ပြီး၊ ယခင်လထက်ကျပ် ၇၀၀ မှ ၈၀၀ နိမ့်ကျလာသည်။

          S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၅၈၀၀ မှ ၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၈၀၀ မှ ၆၀၀၀၊ ယခင်လကျပ် ၅၈၅၀ မှ ၆၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက်ကျပ် ၅၀ မှ ၃၀၀ နိမ့်ကျလာသည်။

 

 

                                                                                                                                                                                                                မြင့်မြင့်လှိုင်

                                                                                                                                                                                                  ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News