Local News

ပြည်တွင်း ဝါ မူဆယ်စျေးကွက် ဝယ်လိုအားကောင်းနေ

Last Updated:

       ပြည်တွင်းဝါ မူဆယ်စျေးကွက်ဝယ်လိုအား ကောင်းနေခြင်းကြောင်း စျေးကောင်းနေကြောင်း လုပ်ငန်းရှင်တစ်ချို့ထံမှ သိရသည်။ လက်ရှိတွင် ဝါကို တရုတ်ဘက်သို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တဆင့်တင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်ဝယ်ယူမူများရှိနေကြောင်း သိရသည်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အနေဖြင့် ၂၀၂၃ခုနှစ် မတ်လ ၅ ရက်နေ့ တစ်ရက်တာ အတွင်း ဝါတန်ချိန် ၅၁.၅ တန် အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပြီး တစ်ရက်ပျမ်းမျှ ယင်းပမာဏ ပတ်ဝန်းကျင်ခန့်သာ တင်ပို့နေကြောင်း စီးပွားရေးဝန်ကြီးဌာန သတင်းများမှ သိရသည်။ 

    “တရုတ်က အဝယ်ပုံမှန်ရှိနေလို့ စျေးကွက် ပြန်ဖြစ်လာတာပါ။ လက်ရှစျေးကွက်မှာ ဝါက လက်ကျန် နည်းလာပြီးဆိုတော့ စျေးက စပေါ်ကစစျေးထက်မြင့်လာတဲ့ သဘောပါ။ ကျသွားလည်း အရမ်းကြီး မကျသွားဘူး၊ ၅၀၊ ၁၀၀လောက်ပဲ။ ဒေတခုနဲ့လတခု စျေးကတော့ကွာမှာပဲ လက်ကျန်ရှိတဲ့ အပေါ်မှာ မူတည်တယ်။ တချို့က လှောင်ထားတဲ့ သူတွေ မှာပဲရှိတယ်” ဟု မန္တလေး မြို့မှ ဝါလုပ်ငန်းလုပ်ကိုင်သူ ကိုမြင့်လွင်ကပြောသည်။ 

     ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်ပြီး ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိသည်။ ထို့အပြင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် တောင်းခံလာပါ စိစစ်ခွင့်ပြုပေးလျက်ရှိရာ မတ်လ ၁၂ရက်နေ့အထိ ဝါဂွမ်းတင်ပို့မူအတွက် (၂)စောင် ထုတ်ပေးထားကြောင်း စီးပွါးရေး ဝန်ကြီးဌာန သတင်းများမှ သိရသည်။

    ၂၀၂၂-၂၀၂၃ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဏာနှစ်ထိ  စံမံကိန်းအရ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရှမ်း၊  နေပြည်တော်ဒေသများတွင် ပြည်တွင်းပြည်ပစျေးကွက်ဝယ်လိုအားရှိသည့် အရည်အသွေးကောင်း ချည်မျှင်ရှည်ဝါများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီးပြည်တွင်းချည်မျှင်နှင့် အထည်စက်ရုံများအတွက် လိုအပ်သည့်အရည်အသွေးကောင်း ဝါများထုတ်လုပ်ပြီး ပြည်ပမှ ဝါနှင့်ဝါထွက် ကုန်ချောပစ္စည်း များတင်သွင်း နေရမှုမှ နိုင်ငံခြားငွေယိုဖိတ်မှု လျော့နည်းသက်သာလာစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။ 

    ဝါစိုက်ဧရိယာနှင့် ဝါတစ်ဧကအထွက်နှုန်း လျာထားချက် ပြည့်မီရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အရည်အသွေးကောင်း ဝါထုတ်ကုန်များရရှိရေး လုပ်ငန်းများဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။ လက်ရှိတွင် တောင်သူများအနေဖြင့် ချည်မျှင်ရှည်ဝါများ အကုန်ရိတ်သိမ်းပြီး ဖြစ်၍ ဈေးကွက်တွင် ဝါကြီးများသာရှိတော့သောကြောင့် လက်ကျန်နည်းလာကာ အဝယ်လိုက်နေ ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

     “အစက ဝါစျေးကွက်ကို အားမရခဲ့ဘူး ပြီးခဲ့တဲ့နှစ်တွေက ဝါစျေးက ၃၅၀၀ အထက်တွေမှာရှိခဲ့တာ။ စပေါ်ချိန်က၂၉၀၀ လောက် ပဲရတယ် တချို့နေရာတွေဆို ဒီစျေးလောက်တောင်မရဘူး။ စပေါ်ချိန်နဲ့ ယှဉ်ရင် စျေးရလာတဲ့ သဘောပါ ။ အရင်တချို့နှစ်တွေနဲ့ယှဉ်ရင် နည်းသေးတယ်”ဟု မကွေးတိုင်းမှ ဝါစိုက်ပျိုးသူ တစ်ဦးကပြောသည်။ ယခုနှစ် ရာသီဥတု ဖောက်ပြန်မူကြောင့် ဝါအထွက်နှုန်းလျော့ကျလျက်ရှိကြောင်းလည်း ဝါစိုက်တောင်သူများထံမှ သိရသည်။ ထို့ကြောင့် ဝါလှိုင်လှိုင်ပေါ်ချိန်က တစ်ပိဿာလျှင် ၂၉၀၀ သာရှိခဲ့ပြီး လက်ရှိတွင် ၃၁၀၀ မှ ၃၅၀၀ ကျပ်ဖြင့် တောင်သူများ ဈေးရနေကြောင်း သိရသည်။ 

Source: https://t.me/htwettoe

 

Category: Local News