International News

တရုတ်ရေချိုငါးအမျိုးမျိုး မြန်မာနိုင်ငံသို့ တင်ပို့

Last Updated:

      မကြာသေးမီက စီစွမ်ဘန်နာ Xishuangbanna အကောက်ခွန်နယ်မြေရှိ လုပ်ငန်းတစ်ခုမှ မွေးမြူထားသည့် မြက်ငါးကြင်း၊ တီလားပီးယားနှင့် ငွေငါးကြင်းများကို သီးသန့်စစ်ဆေးခြင်းမှ အောင်မြင်ခဲ့ပြီး နန်ဆန်ဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ တင်ပို့နိုင်ခဲ့သည်။ စီစွမ်ဘန်နာ အကောက်ခွန်မှ ပထမဆုံးအရည်အချင်းပြည့်မီ စစ်ဆးအောင်မြင်သော ရေမွေးမြူရေးထွက်ကုန်လုပ်ငန်း ကုမ္ပဏီမှ ပုံမှန် ကုန်သွယ်နည်းဖြင့် တင်ပို့ခြင်းဖြစ်ပြီး ငါးတန်ချိန်  စုစုပေါင်း  ၂ ဒသမ ၇ တန်ရှိပြီး တန်ဖိုးငွေ ယွမ် ၄၇,၁၀ဝ ဖိုး ရှိပါသည်။

      မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ တင်ပို့သည့် အလတ်စားငါး လိုအပ်ချက် အများအပြား ရှိနေကြောင်း နှင့်မွေးမြူရေး ကုမ္ပဏီမှ ယခုနှစ်တွင် မွေးမြူရေးလုပ်ငန်းအတွက် ငါးသားပေါက် တန် ၁၀၀ ကျော် တင်ပို့ရန် မျှော်မှန်းထားကြောင်း သိရသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News