Local News

အိန္ဒိယနိုင်ငံ ပဲဝယ်လိုအား မြင့်တက်သဖြင့် ပဲစင်းငုံဈေး စံချိန်တင်အမြင့်ဈေးသို့ရောက်ရှိလာ

Last Updated:

အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပဲစင်းငုံ တစ်တန်ဈေး ကျပ် (၄၃) သိန်းအထက်ထိ စံချိန်တင်မြင့်တက်လာကြောင်း ကုန်စည်ဒိုင်များတွင် ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။ ပြီးခဲ့သည့် မေလ (၁၇) ရက်တွင် ပဲစဉ်းငုံ( Red/ RC) တစ်တန်လျင် ငွေကျပ် ၄,၂၂၅,၀၀၀  ရှိရာမှ လက်ရှိရန်ကုန် ဈေးကွက်အတွင်း ပဲစင်းငုံ တစ်တန် (၄၃) သိန်းကျပ်အထက်သို့ ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိ ဈေးကွက်အတွင်း၌ ပဲစင်းငုံ လက်ကျန်နည်းနေပြီးလှောင်လက်ကုန်သည်များ၏ လက်ထဲတွင်သာ ပဲရှိကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယပို့ကုန်ပဲ တစ်မျိုးဖြစ်သည့် မတ်ပဲဈေးနှုန်းမှာလည်း မေလ (၂၀)ရက်တွင် အနည်းငယ် ပြန်အေးသွားသော်လည်း တစ်တန်လျင် ကျပ် (၃၂) သိန်းအထက်အမြင့်ဈေးတွင် ဆက်ရှိနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ဖြစ်သည့် ပဲမျိုးစုံကို တင်ပို့နေသည့် ပြည်ပနိုင်ငံများအနက် အဓိကကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။

Source: https://t.me/popularjournal

Category: Local News