Local News

မောတောင်ကုန်သွယ်ရေးစခန်းမှ ငါးသေတ္တာဘူးခွံများတင်သွင်းလျက်ရှိ

Last Updated:

     တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသရှိ စက်ရုံများမှ ငါးသေတ္တာဘူးခွံများထုတ်လုပ်လျက်ရှိရာ ငါးသေတ္တာဘူးခွံလိုအပ်ချက်မှာလဲ နေ့စဉ်မြင့်မားလာသည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါးသေတ္တာဘူးခွံများကို အသုံးပြုကြသော်လည်း Demand များလာသည့်အချိန်များတွင် ပြည်ပမှလည်း မှာယူတင်သွင်းကြသည်။

        မောတောင်နယ်စပ်ကုန်သွယ်ရေးမှလည်း ငါးသေတ္တာဘူးခွံများ ထိုင်းနိုင်ငံမှ မှာယူပြီး တင်သွင်း လျက်ရှိရာ လက်ရှိတွင် တစ်ပတ်လျှင် ငါးသေတ္တာဘူးခွံအလုံးရေ (၁၀၀၀၀၀) မှ (၁၅၀၀၀၀) အကြား တင်သွင်းနေရပြီး လက်ရှိပေါက်စျေးအနေဖြင့် (၁) Uလျှင် (၀.၃၅) ဘတ်ပေါက်ဈေးရှိကြောင်း သိရှိရသည်။

 Source: https://commerce.gov.mm

Category: Local News