Local News

TradeNet2.0 စနစ်တွင် အဆင့်မြှင့်တင်ခြင်းသင်တန်းပို့ချင်းခြင်း

Last Updated:

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးဆောင်၍၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက်(၁၀၀၀)နာရီချိန်မှ(၁၆၀၀)နာရီချိန်ထိVirtual စနစ်ဖြင့် ကျင်းပပြုလုပ်သော TradeNet 2.0 စနစ်တွင် အဆင့်မြှင့်တင်ခြင်း၏ ပထမအဆင့်အနေဖြင့် AHTN 2022 Version တွင် Automatic HS သတ်မှတ်သည့် ပို့ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် စနစ်မှ အလိုအလျောက်ခွင့်ပြုမည့် သင်တန်းသို့ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းအသီးသီးမှ ပို့ကုန်သွင်းကုန်ဆောင်ရွက်သောလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာနည်းပြများ၊ ကုန်သွယ်မှုမူဝါဒပိုင်းဆိုင်ရာ နည်းပြများမှသင်ခန်းစာများပို့ချခဲ့ကြပါသည်။ အဆိုပါသင်တန်းသည် ကုန်သွယ်မှုလုပ်ငန်းတွင် အဆင်ပြေလွယ်ကူချောမွေ့စေခြင်း၊ အချိန်ကုန်သက်သာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News