International News

ထိုင်းနိုင်ငံရွေးကောက်ပွဲအလွန်တွင် တည်ငြိမ်မှုနှင့် စည်းလုံးမှု ပိုမိုအားကောင်းလာနိုင်ကြောင်း Standard Chartered Bank (Thai) က ထင်မြင်သုံးသပ်

Last Updated:

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအလွန်ကာလ အစိုးရသစ်လက်ထက်တွင် တည်ငြိမ်မှုနှင့် စည်းလုံးမှုပိုမိုအားကောင်းလာမည်ဖြစ်ပြီး စီးပွားရေးမူဝါဒများအရလည်း ပိုမိုတည်ငြိမ်မှုရရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံ Standard Chartered Bank-SanChart (Thai) ၏ စီးပွားရေးပညာရှင် Mr. Tim Leelahapham ကထင်မြင်သုံးသပ်ထားပါသည်။

ဘဏ်အနေဖြင့် နိုင်ငံ၏ စီးပွားရေးကို သုံးသပ်ခြင်းမပြုမီ ထုတ်ပြန်ကြေညာမည့် စီးပွားရေးမူဝါဒများကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆိုင်ရာအချက်များသည်လည်း ပိုမိုရှင်းလင်းလာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မသေချာသေးသော်လည်း ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်အတွက် အပြုသဘောဆောင်သော တိုးတက်မှုကို ထိန်းသိမ်းထားပါကြောင်း၊ ယင်းသို့ ထိန်းထားရခြင်းမှာ စားသုံးသူထောက်ပံ့ပေးသော တိုင်းတာချက်များအပေါ် အစိုးရသစ်၏ ဆောင်ရွက်ချက်များနှင့် ပိုမိုရှင်းလင်းသော ခရီးသွားလုပ်ငန်း ထူထောင်လာမှုကို မျှော်လင့်ထားသောကြောင့် ဖြစ်ပါကြောင်း Mr. Tim ကဆိုပါသည်။

အစိုးရသစ်အနေဖြင့် စားသုံးသူထောက်ပံ့ပေးသော တိုင်းတာချက်များအပေါ် ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်ပြီး တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်မှုကြောင့် ခရီးသွားလုပ်ငန်းမှာလည်း ပြန်လည်ထူထောင်လာနိုင်မည်ဟု မျှော်လင့်ထားပါကြောင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် ပထမနှစ်ဝက်ထက် ၂ ဆ တိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်းကျဆင်းသွားနိုင်ကြောင်း ဘဏ်က ခန့်မှန်းထားပါသည်။

ထိုင်းဘဏ်သည် ၎င်း၏ မူဝါဒအတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်းတိုးမြှင့်နိုင်ပြီး Terminal Rate မှာ ၂ ရာခိုင်နှုန်း ထိ တိုးမြှင့်သွားနိုင်သည်ဟု မျှော်လင့်ထားပါကြောင်း ၎င်းကဆိုပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

Category: International News