Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၃-၄-၂၀၂၃ မှ ၇-၄-၂၀၂၃)အတွင်း ကုန်စည်ဈေးနှုန်းများအခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၂၀၆၃၀၀၀၊ မတ်ပဲ SQ/RC (2022 Crop)ကျပ် ၂၃၁၃၀၀၀ နှင့် ပဲစဉ်းငုံ Red/RC (2022 Crop)ကျပ် ၂၃၇၁၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၈၀၀၀ နှင့် မတ်ပဲ SQ/RC  (2022 Crop)ကျပ် ၁၃၀၀၀ ဈေးကျဆင်းခဲ့ပြီး ပဲစဉ်းငုံ Red/RC (2022 Crop)ကျပ် ၉၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၅၀ လုံး (တန်ချိန် ၁၂၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၈၅ လုံး (တန်ချိန် ၂၀၄၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကွန်တိန်နာ ၃၅ လုံး (တန်ချိန် ၈၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

       ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မြှားနီ ကျပ် ၉၈၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၁၀၀၀၊ မိုးထောင်(ဒီမွန်)ကျပ် ၁၁၂၀၀၊ဆင်ဖြူကျွန်း(ပု) ကျပ် ၁၃၀၀၀ နှင့် မြစ်ဝ(ပု)သစ်ကျပ် ၁၃၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီ ကျပ် ၂၀၀ နှင့် မိုးထောင်(ဒီမွန်)ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ်များ ငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည်အိတ်ပေါင်း ၈၀၀၀ (၁၆၀၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၇၀၀ (၂၅၅၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၉၃၀၀ (၁၈၆၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၂၄၀၀ (၃၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည်အိတ်ပေါင်း ၁၃၀၀ (၂၆၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၇၀၀ (၁၀၅၀၀ ပိဿာ) ပိုမို ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်း

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ)ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ်(သစ်)ကျပ် ၁၈၅၀၊ မန်ကျည်းအသား(သစ်)ကျပ် ၂၇၅၀ နှင့် ရမည်းသင်း ဒါးဇင်း(သစ်) ကျပ် ၁၇၅၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းအသား(သစ်)ကျပ် ၅၀ ဈေးကျဆင်းခဲ့ပြီး ကျန်မန်ကျည်များ ဈေးငြိမ်လျက်ရှိသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)ကျပ်  ၂၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်း)ကျပ် ၂၇၅၀၊ ပခုက္ကူ ကြမ်းကျပ် ၂၅၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၅၀၀၊ ကြံသကာ(စစ်)ကျပ် ၂၈၀၀ နှင့် သကြား (ပြည်တွင်း)ကျပ် ၃၀၅၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး)ကျပ် ၂၀၀ နှင့် ညောင်ဦးဆေးရှယ်(ထန်း)ကျပ် ၂၅၀ ဈေးမြင့်တက်ခဲ့ပြီး ရေစကြိုထန်းလျက်(ချော)ကျပ် ၁၀၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက် ရှိသည်။

 

                                                                                                                                                                                          SSMaw (Domestic (Ygn) MITC

Category: Local News