Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၀-၃-၂၀၂၃ မှ ၂၄-၃-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2022 Crop) ကျပ် ၂၀၃၉၅၀၀၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၂၃၂၄၅၀၀ နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကျပ် ၂၃၆၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop) ကျပ် ၂၀၅၀၀၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၄၀၅၀၀  နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကျပ် ၁၀၀၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC  (2022 Crop) ကွန်တိန်နာ ၁၂၀ လုံး (တန်ချိန် ၂၈၈၀) နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀)  စုစုပေါင်း ကွန်တိန်နာ ၁၃၅ လုံး ( တန်ချိန် ၃၂၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC  (2022 Crop) ကွန်တိန်နာ ၁၇၀ လုံး (တန်ချိန် ၄၀၈၀) ၊ မတ်ပဲ SQ/RC  (2022 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) နှင့် Red/RC (2022 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀)  စုစုပေါင်း ကွန်တိန်နာ ၁၈၀ လုံး  ( တန်ချိန် ၄၃၂၀)  ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်ကွန်တိန်နာ  ၃၅ လုံး (တန်ချိန် ၈၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

       ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ မြှားနီ ကျပ် ၁၀၀၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၁၀၀၀၊ မိုးထောင်( ဒီမွန်) ကျပ် ၁၂၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၃၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၄၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီ ကျပ် ၁၀၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၈၀၀နှင့် မြစ်ဝ(ပု)သစ် ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်ငရုတ်ဈေးများငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၇၁၀၀ (၁၄၂၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၉၅၀ (၁၄၂၅၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၈၁၀၀ (၁၆၂၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၂၂၀၀ (၃၃၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည်အိတ်ပေါင်း ၁၀၀၀   ( ၂၀၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၂၅၀ ( ၁၈၇၅၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

မန်ကျည်း

            ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၈၅၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၇၀၀ နှင့် ရမည်းသင်း ဒါးဇင်း (သစ်) ကျပ် ၁၇၅၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်ဈေးများငြိမ်လျက်ရှိသည်။         

 ထန်းလျက်၊ ကြံသကာ နှင့် သကြား

        ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သောထန်းလျက်၊ကြံသကာနှင့်သကြား(တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၂၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၂၈၀၀၊ ပခုက္ကူကြမ်းကျပ် ၂၇၀၀၊ ရေစကြိုထန်းလျက်(ချော) ကျပ် ၃၆၀၀၊ ကြံသကာ(စစ်) ကျပ် ၂၇၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၃၀၃၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၅၀ နှင့် ပခုက္ကူကြမ်းကျပ် ၁၅၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။

 

                                                                                                                                                                                 SSMaw (Domestic (Ygn) MITC

Category: Local News