Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

      မတ်လ၏ နောက်ဆုံးပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ CP ပြောင်းဖူးစေ့၊ မတ်ပဲနှင့် ပဲစဉ်းငုံဈေးငြိမ်ပြီး ကုလားပဲဖြူ လုံးသေး၊ ကုလားပဲ 929၊ ကုလားပဲဖြူလုံးကြီး၊ ပဲကြီး၊ ပဲတီစိမ်းသေး၊ ဂျုံဖြူသန့် ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားသည်။ မတ်လနောက်ဆုံးအပတ်အတွင်း သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၆၀၀၀)ကျပ်၊ ပဲစင်းငုံ (၇၅၀၀၀)ကျပ်၊ မတ်ပဲ (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး) (၄၀၀၀၀-၄၁၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၇၈၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင် တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၇၅၀၀)ကျပ်၊ ပဲစင်းငုံ တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၁၀၀၀-၄၂၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၈၁၀၀၀-၈၂၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက မတ်ပဲနှင့် ပဲစင်းငုံ ဈေးငြိမ်နေပြီး၊ ဂျုံဖြူသန့် တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၁၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၃၀၀၀)ကျပ် ကျဆင်းနေ ကြောင်း သိရသည်။

          ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၆၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၆၇၅၀၀)ကျပ်၊ 929 (၆၇၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်အပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၆၉၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၉၀၀၀)ကျပ်၊ 929 (၆၈၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် (၁၅၀၀)ကျပ်နှင့် 929 တစ်တင်းလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရ သည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၉၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၉၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ ဈေးငြိမ်နေကြောင်းသိရပါသည်။

 

                                                                                                                                                                                   ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News