Local News

မြန်မာ့ပြောင်းများကို ထိုင်းဝယ်လိုအားများနေ

Last Updated:
       မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းသီးနှံကို ထိုင်းနိုင်ငံက အဝယ်လိုက်ကာ ဝယ်လိုအားများနေကြောင်း မြန်မာ့ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ လက်ရှိတွင် ပြောင်းဈေးနှုန်း မြင့်တက်နေပြီး တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ အထိ ရရှိနေကာ တစ်ရက်လျှင်ပြောင်းကား အစီးရေ ၂၀၀ ခန့် တင်ပို့နေရကြောင်းသိရသည်။ ပြည်တွင်းမှထွက်ရှိသည့် ပြောင်းသီးနှံများကို မြ၀တီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။
       ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးမူအရ မြန်မာ့ပြောင်းသီးနှံကို နှစ်စဉ်ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပေးထားခြင်းဖြစ်သည်။ ယခုကာလသည် ပြည်တွင်း၌ ဆောင်းပြောင်းများထွက်ရှိချိန်ဖြစ်ပြီး ဧရာ၀တီ၊ ပဲခူး၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကာ နှစ်စဉ်ပြောင်းတန်ချိန် နှစ်သိန်းခွဲ ဝန်းကျင်ထွက်ရှိကြောင်း သိရသည်။
 
Category: Local News